Friday, 29 April 2016

အေတီကိုကို ရှုံးရင်ကျွန်တော့်ကိုသတ်လိုက်လို့ဆိုလာတဲ့ ဂွာဒီယိုလာ....

Filled under:


ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာမှ UCL ပထမအကျော့၌ စပိန်ကလပ်အေတီကိုအား 1-0 ဖြင့်ရှုံးနိမ့်ခဲ့ပေမယ့် ဒုတီယအကျော့၌ ထပ်မံရှုံးနိမ့်ခဲ့ပါက ၎င်းအား သတ်လိုက်ဟု ဝေဖန်သူများအား တုန့်ပြန်လိုက်ပါတယ်...

ရာသီကုန်၌ စီးတီးနည်းပြသစ်ဖြစ်လာမည့် ဂွာဒီယိုလာအား ဝေဖန်သူအချို့မှ အသင်းအား အာရုံစူးဆိုက်မှုမရှိကြောင်း ပြောကြားထားခြင်းကြောင့် ယခုလိုပြောကြားလိုက်ခြင်းလည်းဖြစ်ပါတယ်...

"ကျွန်တော်တို့နောက်ထပ်တစ်ပွဲကစားဖို့ ရှိပါသေးတယ် တကယ်လို့ ကျွန်တော်တို့ထပ်ရှုံးခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ ကျွန်တော့်ကိုသတ်လိုက်ပါ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အရေးအပြည့်ရှိနေပါတယ်" လို့ ၎င်းမှဆိုပါတယ်...

Posted By Zaw Paing JRApril 29, 2016

မန်ယူထက် မက်ဒရက်သို့ပြောင်းရွှေ့ ရန် ဆန္ဒရှိနေသည့် အူဗာမီယန်...

Filled under:


ဒေါ့မွန်စူပါစတား အူဗာမီယန်ဟာ ၎င်းရဲ့အနာဂတ်အတွက် မန်ချက်စတာထက် မက်ဒရက်ကိုသာရွေးချယ်သွားရန် စိတ်အားထက်သန်နေကြောင်း Mirror မှဖော်ပြလာပါတယ်...

မန်ယူအသင်းဟာ ရာသီသစ်၌ တိုက်စစ်မူးသစ်တစ်ဦးခေါ်ယူဖို့ လုပ်ဆောင်နေပြီး 26 နှစ်သားအား ပေါင်သန်း 60 ခန့်ဖြင့် ကမ်းလှမ်းခေါ်ယူဖို့ လပိုင်းအနည်းငယ်အတွင်းက စီစဉ်ထားခဲ့ခြင်းဖြစ်ပါတယ်...

သို့ပေမယ့် အူဗာမီယန်အား ခေါ်ယူဖို့ပျက်ပြယ်ခဲ့ပါက မန်ယူအသင်းအနေဖြင့် ရာသီကုန်၌ အဲဗာတန်မှ ထွက်ခွာဖို့ စီစဉ်နေသည့် လူကာကူအား PSG နှင့် ဘိုင်ယန်အသင်းတို့်နှင့်အပြိုင် ပစ်မှတ်ထားနေပါတယ်...

အကယ်၍ မော်ရင်ဟိုအနေဖြင့် ရာသီသစ်၌ မန်ယူနည်းပြသစ်ဖြစ်လာမည်ဆိုပါက PSG တိုက်စစ်မူး ဇလာတန်ကိုလည်း ခေါ်ယူသွားဖို့ရှိကြောင်း တဆက်တည်း ဖော်ပြထားပါတယ်...

Posted By Zaw Paing JRApril 29, 2016

Thursday, 28 April 2016

ကလောပ့်လက်အောက်၌ ပျော်ရွှင်နေသည့် မိုရီနို...

Filled under:



လီဗာပူးနှင့်စပိန်နောက်ခံကစားသမား မိုရီနိုမှ နည်းပြကလောပ့်လက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်ကို ယုံကြည်မှုအပြည့်နှင့် ရရှိနေခြင်းအပေါ် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်...

၎င်းဟာ နည်းပြဟောင်းရော့ဂျာလက်အောက်၌ ပွဲထွက်ကစားဖို့ အခက်အခဲရှိခဲ့ပေမယ့် ကလော့ပ်ရောက်ရှိလာသည့် နောက်ပိုင်းကာလများတွင်တော့ နည်းပြသစ်ရဲ့ ယုံကြည်မှုကို အပြည့်အ၀ရရှိခဲ့သူဖြစ်ပါတယ်...

"ရော့ဂျာလက်အောက်မှာ ကစားခဲ့တဲ့အချိန်တွေက ခက်ခဲလှပါတယ် ကျွန်တော်လေ့ကျင့်ခန်းအပြည့်အ၀လုပ်တယ် ကြံ့ခိုင်မှုလည်း 100 % ပါပဲ ဒါပေမယ့် ကျွန်တော်ပွဲကစားဖို့ ရော့ဂျာလက်အောက်မှာ ခက်ခဲခဲ့တယ် ဒါပေမယ့် ဒါတွေကပြီးသွားခဲ့ပါပြီ"

"မက်စတာကလောပ့်ရောက်ရှိတဲ့အချိန်ကစပြီးတော့ သူ့ရဲ့ယုံကြည်မှုကိုကျွန်တော်ရခဲ့ပြီး အကောင်းဆုံးကစားပြနိုင်ခဲ့တယ် ပြောရမယ်ဆိုရင်တော့ ဒီအချိန်ဟာ ကျွန်တော့်ဘောလုံးကစားသမားဘ၀ရဲ့ အကောင်းဆုံးအချိန်တွေပါပဲ"လို့ မိုရီနိုမှ ဖွင့်ဟခဲ့ပါတယ်...

#Conia(တမူး)

Posted By Zaw Paing JRApril 28, 2016

ကန်တီအား ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေ... ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

Filled under:



လက်စတာအသင်းရဲ့ ပြင်သစ်စတား ကန်တီအားခေါ်ယူရန် အင်္ဂလန်အသင်းကြီးများအပြင် ဥရောပအသင်းများစွာ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်...

ယခုရာသီ၌ လက်စတာအသင်း ထိပ်ဆုံးသို့ရောက်ရှိရန် အဓိကနေရာ၌ ခြေစွမ်းပြနေသော 25 နှစ်သားအား လက်စတာအသင်းမှ လက်လွတ်ဖို့ခက်ခဲပေမယ့် ၎င်းနေရာ၌ အစားထိုးနိုင်လောက်သည့် ကစားသမားမျိုးခေါ်ယူနိုင်ခဲ့ပါက ကန်တီအား King Power ကွင်းကြီးမှ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်...

ကန်တီအားခေါ်ယူရန် နောက်ဆုံးချိတ်ဆက်နေသည့် အသင်းကတော့ မန်စီးတီးဖြစ်ပြီး PSG ဂျူဗီတပ်အပြင် အင်္ဂလန်မှ ချယ်ဆီး အာဆင်နယ် စပါး အသင်းတို့မှ လေးလေးနက်နက်စိတ်ဝင်စားနေကြကြောင်း သိရပါတယ်...

They Call Me Neymar

Posted By Zaw Paing JRApril 28, 2016

Thursday, 28 January 2016

ကယ်ပီတယ်ဝမ်း(ကာလင်း)ဗိုလ်လုပွဲတွင်ဗိုလ်စွဲရန်မိမိတို့အသင်းရေပန်းစားနေသည်ဟုပြောကြားလိုက်သော…………

Filled under:

ကာလင်းဖလားဆီမီးဖိုင်နယ်အဆင့်တွင် စတုတ်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့လီဗာပူးနဲ့ အဲဗာတန်ကို အနိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းတို့ ဗိုလ်လုပွဲတွင်ပြန်လည်တွေ့ဆုံရမည်ဖြစ်သည်။လီဗာပူးသည်ဒီရာသီမှာမန်ချက်စတာစီးတီးအပေါ်အသာရသည်မှာ စိတ်ဓာတ်မြင့်တင်နိုင်သည့်အချက်ပင်ဖြစ်ပါသည်။ဗိုလ်လုပွဲတွင်မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိရန်ခက်ခဲမည်ဖြစ်သော်လည်း အနိုင်ရရှိမည်ကို


Posted By Zaw Paing JRJanuary 28, 2016

Tuesday, 5 January 2016

မန်ယူအသင်းနေမာကိုခေါ်ဖို့ဆက်သွယ်နေ

Filled under:

မန်ယူအသင်းဟာ ဘာစီလိုနာရဲ့ နေမာကို ခေါ်ယူဖို့ စာချုပ်ဖျက်သိမ်းခအတွက် ပေးချေရမယ့် လျော်ကြေးငွေ စတာလင်ပေါင် (၁၄၀) သန်းအတွက် ညှိနှိုင်းနေတယ်လို့ Le 10 Sport ၊  The Metro နှင့် The Daily Star တို့မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဘရာဇီး လက်ရွေးစင်ကစားသမား နေမာဟာ ယခုဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ သွင်းဂိုး (၁၄) ဂိုး တိတိ သွင်းယူထားပေးခဲ့ပြီး အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အပြင် ယခု ဆောင်းရာသီ ဘောလုံးအပြောင်းအရွှေ့ဈေးကွက်မှာ မန်ယူအနေနဲ့ ခေါ်ယူဖို့ ညှိနှိုင်းသွားနိုင်တယ်လို့ သိရပါတယ်။မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကတော့ ရီးရဲလ်ကွင်းလယ်ကစားသမား အစ္စကို ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ အပြိုင် ကြိုးပမ်းနေပါတယ်။
Credit – Duwun

Posted By Myanmar Youths Technology GroupJanuary 05, 2016

Saturday, 2 January 2016

မန်ယူနည်းပြအလုပ်သည်နောက်ဆုံးအလုပ်ဖြစ်နိုင်

Filled under:

မန်ယူနည်းပြလူးဝစ်ဗန် ဂါးလ်က အသင်းမှထွက်ခွာချိန် တွင် ဘောလုံးလောကမှ အနား ယူနိုင်သည်ဟု အရိပ်အမြွက်ပြော ကြားထားသော်လည်း ဖိအားများ အောက် အလုပ်လုပ်ရသည်မှာ ပြဿနာမရှိဟု ပြောကြားသည်။မန်ယူအသင်းတွင် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ပြောဆိုမှုများ မြင့်တက်နေသော်လည်း လက်ရှိမန်ယူတွင် ကြုံတွေ့နေရ သော ဖိအားများကြောင့် နည်းပြရာထူးမှ ထွက်သွားမည်မဟုတ်ဟု ဗန်ဂါးလ်က ပြောသည်။
မန်ယူသည် ပြိုင်ပွဲအရပ်ရပ် တွင် ရှစ်ပွဲအထိ နိုင်ပွဲပျောက်ခဲ့ပြီး အမှတ်ပေးဇယား နံပါတ် (၆)နေရာသို့ ရောက်ရှိနေသဖြင့် နည်းပြဗန်ဂါးလ် ဝေဖန်မှုများစွာနှင့် ရင် ဆိုင်နေရသည်။
‘‘ကျွန်တော် အမြဲတမ်းကိုယ့် အလုပ်ကိုယ်လုပ်ပါတယ်။ ခင် ဗျားတို့လည်း ကိုယ့်အလုပ်ကိုယ် လုပ်ကြရပါမယ်’’ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြော ကြားသည်။
သို့သော် ဗန်ဂါးလ်က ပရိ သတ်များ အသင်းကို အားပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။မန်ယူအသင်း၏ ကျဆင်း နေသော စွမ်းဆောင်ရည်များကို တိုးတက်လာအောင် ကြိုးစားရာ တွင် မန်ယူပရိသတ်များ၏ အား ပေးမှုမှာ အလွန်အရေးပါသော အချက်ဖြစ်သည်ဟု မန်ဂါးလ်က ပြောသည်။မိမိတို့အနေဖြင့် အမှတ်ရ အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမှတ်ကွာခြား ချက် ပိုများသွားမည်ဟု ပရီးမီး ယားလိဂ်ထိပ်ဆုံးနေရာမှ အာဆင်နယ်နှင့် ကိုးမှတ်ကွာနေသော မန်ယူအသင်း နည်းပြဗန်ဂါးလ်က ပြောကြားသည်။

Posted By UnknownJanuary 02, 2016

တိုက်စစ်မှူးအသစ်ခေါ်ယူနိုင်

Filled under:

 ဆောက်သမ်တန်အ သင်းတွင် ဒဏ်ရာရကစားသမား များ ဆက်လက်များပြားနေပါက လာမည့် ဇန်နဝါရီ ဘောလုံးသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူ နိုင်သော်လည်း နောက်ထပ်အား ဖြည့်မှု တစ်စုံတစ်ရာပြုလုပ်ဖွယ် မရှိဟု ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်းက ပြောကြား သည်။
‘‘ကျွန်တော်ဟာ အခုအမှတ် ပေးဇယား နံပါတ် (၁၂)နေရာ ရောက်နေလို့ ကြောက်ရွံ့နေတဲ့ နည်းပြမဟုတ်ပါဘူး’’ဟု ကိုးမန်း က ပြောကြားသည်။
ဆောက်သမ်တန်သည် အာ ဆယ်နယ်ကို စနေနေ့က လေးဂိုး ပြတ်အနိုင်ရခဲ့သော်လည်း တနင်္လာနေ့က ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မိမိတို့အသင်းတွင် ခြေစွမ်း ကောင်းသော တိုက်စစ်မှူးနှစ်ဦးရှိ ပြီး အကယ်၍ ၎င်းတို့ပြန်မကစား နိုင်ပါက တိုက်စစ်မှူးအသစ်တစ် ဦး ခေါ်ယူရဖွယ်ရှိသော်လည်း အ သင်း၏ အခြားနေရာများအတွက် ကစားသမားသစ်များ ခေါ်ယူမည် မဟုတ်ဟု ကိုးမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ယခု ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်း၏ ထိပ် တန်းဂိုးသွင်းရှင် အီတလီတိုက်စစ် မှူး ပယ်လီသည် စနေနေ့ နော ဝစ်ခ်ျနှင့်ပွဲကို လွဲချော်မည်ဖြစ် သည်။ ၎င်းသည် ဒူးဒဏ်ရာ ကြောင့် ပြီးခဲ့သည့်နှစ်ပွဲကိုလည်း လွဲချော်ခဲ့သည်။
ဇန်နဝါရီအတွင်း ပြန်ကစား နိုင်ခြေရှိသည့် နောက်ထပ်တိုက် စစ်မှူးဖြစ်သော ရိုဒရီဂွက်ဇ်မှာ ခြေထောက်ဒဏ်ရာကြောင့် မကစားနိုင်သည်မှာ နှစ်လကြာပြီဖြစ် သည်။
ရိုဒရီဂွက်ဇ်သည် ဇန်နဝါရီ အတွင်း (သို့မဟုတ်) ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြန်ကစားနိုင် ခြေရှိသည်ဟု ကိုးမန်းက ပြော သည်။ 
<<<Unicode Version>>>

Posted By UnknownJanuary 02, 2016