ဆောက်သမ်တန်အ သင်းတွင် ဒဏ်ရာရကစားသမား များ ဆက်လက်များပြားနေပါက လာမည့် ဇန်နဝါရီ ဘောလုံးသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူ နိုင်သော်လည်း နောက်ထပ်အား ဖြည့်မှု တစ်စုံတစ်ရာပြုလုပ်ဖွယ် မရှိဟု ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်းက ပြောကြား သည်။
‘‘ကျွန်တော်ဟာ အခုအမှတ် ပေးဇယား နံပါတ် (၁၂)နေရာ ရောက်နေလို့ ကြောက်ရွံ့နေတဲ့ နည်းပြမဟုတ်ပါဘူး’’ဟု ကိုးမန်း က ပြောကြားသည်။
ဆောက်သမ်တန်သည် အာ ဆယ်နယ်ကို စနေနေ့က လေးဂိုး ပြတ်အနိုင်ရခဲ့သော်လည်း တနင်္လာနေ့က ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မိမိတို့အသင်းတွင် ခြေစွမ်း ကောင်းသော တိုက်စစ်မှူးနှစ်ဦးရှိ ပြီး အကယ်၍ ၎င်းတို့ပြန်မကစား နိုင်ပါက တိုက်စစ်မှူးအသစ်တစ် ဦး ခေါ်ယူရဖွယ်ရှိသော်လည်း အ သင်း၏ အခြားနေရာများအတွက် ကစားသမားသစ်များ ခေါ်ယူမည် မဟုတ်ဟု ကိုးမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ယခု ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်း၏ ထိပ် တန်းဂိုးသွင်းရှင် အီတလီတိုက်စစ် မှူး ပယ်လီသည် စနေနေ့ နော ဝစ်ခ်ျနှင့်ပွဲကို လွဲချော်မည်ဖြစ် သည်။ ၎င်းသည် ဒူးဒဏ်ရာ ကြောင့် ပြီးခဲ့သည့်နှစ်ပွဲကိုလည်း လွဲချော်ခဲ့သည်။
ဇန်နဝါရီအတွင်း ပြန်ကစား နိုင်ခြေရှိသည့် နောက်ထပ်တိုက် စစ်မှူးဖြစ်သော ရိုဒရီဂွက်ဇ်မှာ ခြေထောက်ဒဏ်ရာကြောင့် မကစားနိုင်သည်မှာ နှစ်လကြာပြီဖြစ် သည်။
ရိုဒရီဂွက်ဇ်သည် ဇန်နဝါရီ အတွင်း (သို့မဟုတ်) ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြန်ကစားနိုင် ခြေရှိသည်ဟု ကိုးမန်းက ပြော သည်။
<<<Unicode Version>>>





0 comments:
Post a Comment