Sunday, 27 December 2015

LA ဂလက်ဆီသို့အက်ရှ်လေကိုးလ်ပြောင်းရန်စီစဉ်

Filled under:

ချယ်လ်ဆီးနှင့် အင်္ဂလန်ကစားသမားဟောင်း အက်ရှ်လေကိုးလ်သည် အင်္ဂလန် ကစားဖော်ဟောင်း စတီဗင်ဂျာရတ်ရှိရာ လော့အိန်ဂျလိစ် အခြေစိုက် အယ်လ်အေဂလက်ဆီ အသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်လျက်ရှိပြီး အယ်လ်အေဂလက်ဆီ အသင်းကလည်း အသက်(၃၄)နှစ် အရွယ်ရှိ ဘယ်နောက်ခံ ကစားသမား အက်ရှ်လေကိုးလ်အား ခေါ်ယူရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

နောက်တန်းကစားသမား အက်ရှ်လေကိုးလ်သည် လက်ရှိတွင် အီတလီ စီးရီးအေကလပ် ရိုးမားအသင်း၌် ကစားလျက်ရှိပြီး အပြောင်းအရွှေ့ ကာလတွင် အက်ရှ်လေကိုးလ်အား ခေါ်ယူရန်အတွက် အယ်လ်အေဂလက်ဆီ အသင်းက ရိုးမားအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အက်ရှ်လေ ကိုးလ်သည် ယခုနှစ် ဘောလုံးရာသီတွင် ရိုးမားအသင်းအတွက် တစ်ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့သည်။

လက်ရှိ အယ်လ်အေဂလက်ဆီ အသင်းတွင် ကစားလျက်ရှိသည့် နောက်တန်း ကစားသမား ရော်ဘီရော့ဂျာသည် အယ်လ်အေဂလက်ဆီ အသင်းအတွက် အကောင်းဆုံး ဗဟိုနောက်တန်း ကစားသမားဟု ဆိုခဲ့သော်လည်း အယ်လ်အေ ဂလက်ဆီ အသင်းကမူ ဘယ်နောက်ခံ နေရာအတွက် အက်ရှ်လေကိုးလ်ကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကွင်းလယ်ပိုင်းကို အားဖြည့်ရန် ဂွန်ဇာလက်အတွက် အစားထိုးခေါ်ယူရန် ဥရောပအပြောင်းအရွှေ့ ဈေးဖွင့်ချိန်ကို အယ်လ်အေဂလက်ဆီ အသင်းအနေဖြင့် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်

Posted By Myanmar Youths Technology GroupDecember 27, 2015

ဝက်စ်ဟမ်းနောက်တန်းကစားသမားစာချုပ်သစ်ချုပ်ဆို

Filled under:

ဝက်စ်ဟမ်းနောက်တန်း ကစားသမား ကိုလ်လင်းသည် အသင်းနှင့် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ရာ အသင်း၌ ၂ဝ၁၈ ခုနှစ်အထိ ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။ အသက်(၃၂)နှစ် အရွယ်ရှိ ဗဟိုနောက်ခံ ကစားသမား ကိုလ်လင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလတွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ နောက်တန်းကစားသမား ကိုလ်လင်းသည် ၂ဝ၁၂ ခုနှစ်အတွင်းက ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့လာခဲ့ချိန်မှ စတင်ကာ ဝက်စ်ဟမ်းအသင်းနှင့် အတူ ပွဲပေါင်း ၁၆ဝ အထိ ပါဝင်ကစားပေး နိုင်ခဲ့သည်။ ကိုလ်လင်းသည် ဝက်စ်ဟမ်းအသင်းသို့ မပြောင်းရွှေ့မီက အက်စ်တွန်ဗီလာ အသင်းတွင် ကစားခဲ့သူဖြစ်သည်။ ဝက်စ်ဟမ်းအသင်းနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်း၌ ပျော်ရွှင်မှု ရှိနေခြင်းကြောင့် စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်း ဖြစ်ကြောင်း နောက်တန်း ကစားသမား ကိုလ်လင်းက ပြောကြားခဲ့သည်။ ဝေလလက်ရွေးစင် ကစားသမား ကိုလ်လင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ဝက်စ်ဟမ်း အသင်းနှင့်အတူ ခုနစ်ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့သည်။ သို့ရာတွင် ဝက်စ်ဟမ်းအသင်းတွင် ဝင်းစတန်ရိဒ်၊ တွန်ကင်၊ အိုဘွန်နာတို့နှင့်အတူ ဦးစားပေးကစားသမား လေးဦးအဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

Posted By UnknownDecember 27, 2015

Wednesday, 23 December 2015

မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကမ္ဘာ့အဆင့်သုံးဆင့်မြင့်တက်

Filled under:

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဒီဇင်ဘာအတွင်း ထုတ် ပြန်ခဲ့သောကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည်ပြီးခဲ့သည့်စက်တင်ဘာက နောက်ဆုံးထုတ်ပြန်ခဲ့သောကမ္ဘာ့အဆင့်သတ်မှတ်ချက်ထက် မြင့်တက်ကာ ကမ္ဘာ့အဆင့် ၄၄ ၌ ရပ်တည်နေသည်။
ဒီဇင်ဘာ တတိယပတ်အ တွင်းက ထုတ်ပြန်ခဲ့သည့် အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအမျိုးသမီးအသင်းသည် ရ မှတ် ၁၅၃၃ မှတ်ရရှိကာ စက်တင် ဘာအတွင်းက ရရှိထားသည့် ကမ္ဘာ့အဆင့် ၄၇ ထက် သုံးဆင့် မြင့်တက်သွားခြင်းဖြစ်သည်။
 မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲအ ဖြစ် ပြီးခဲ့သည့် စက်တင်ဘာအ တွင်း၌ ၂၀၁၆ အိုလံပစ်အမျိုးသ မီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်ခဲ့ရာ တရုတ်(တိုင် ပင်)နှင့် ဂျော်ဒန်အသင်းကို အနိုင် ရရှိခဲ့သော်လည်း ထိုင်းနှင့်ဗီယက် နမ်အသင်းများကို ရှုံးနိမ့်ခဲ့သည်။
 ဒီဇင်ဘာအဆင့်သတ်မှတ် ချက်အရ မြန်မာအမျိုးသမီးဘော လုံးအသင်းသည် အရှေ့တောင် အာရှနိုင်ငံများတွင် တတိယနေ ရာနှင့် အာရှနိုင်ငံများတွင် အ ဆင့် ၁၀ နေရာ၌ ရပ်တည်နေ သည်။
အရှေ့တောင်အာရှ နိုင်ငံ များတွင် ဗီယက်နမ်အမျိုးသမီး အသင်းက ကမ္ဘာ့အဆင့် ၂၉ ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်ထားပြီး ထိုင်းအမျိုးသမီးအသင်းက ကမ္ဘာ့ အဆင့် ၃၀၊ အင်ဒိုနီးရှားအသင်း က ၇၇၊ ဖိလစ်ပိုင်အသင်းက ၈၀၊ လာအိုအသင်းက ၈၈၊ မလေးရှား အသင်းက ကမ္ဘာ့အဆင့် ၉၀ တို့၌ အသီးသီးရပ်တည်နေသည်။
ကမ္ဘာ့နိုင်ငံများတွင် အမေရိ ကန်အမျိုးသမီးအသင်းက ကမ္ဘာ့ အဆင့် ၁ နေရာတွင် ဆက်လက် ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊အင်္ဂလန်၊ မြောက်ကိုရီးယား၊ ဘရာဇီး၊ ဆွီ ဒင်၊ သြစတြေးလျ၊ နော်ဝေးအ သင်းများက အစဉ်လိုက်ရပ်တည် နေသည်။
ဖီဖာသည် လက်ရွေးစင်အ မျိုးသား ဘောလုံးအသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ကို လစဉ်ထုတ်ပြန်သော်လည်း အမျိုးသမီးဘောလုံးအသင်းများ ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် များကိုမူ တစ်နှစ်လျှင် လေးကြိမ် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။Credit – 7day daily

Posted By UnknownDecember 23, 2015

Tuesday, 22 December 2015

မန်းစီးတီး၏ချန်ပီယံမျှော်လင့်ချက်များ

Filled under:

ချန်ပီယံလုပွဲတွင် လမ်းချော်မသွားစေရေးအတွက် အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီ ပြန်ကစားနိုင်ရန် အရေးတကြီး လိုအပ်နေပြီဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ဖွင့်ဟခဲ့သည်။
အမ်းမရိတ်စ်တွင် အာဆင်နယ်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် မန်စီးတီး၏ ချန်ပီယံ မျှော်လင့်ချက်များအတွက် ထိခိုက်မှု ပိုမိုပြင်းထန်လာခဲ့သည်။ ပယ်လီဂရီနီက အာဆင်နယ်နှင့် လက်ရှိ အမှတ်ပေးဇယားကို အံ့အားသင့်ဖွယ် ဦးဆောင်နေသည့် လက်ဆက်စတာ စီးတီးတို့ကို ကျော်တက်လိုပါက ကွန်ပနီကဲ့သို့ အဓိက ကစားသမားများ ကြံ့ခိုင်မှု အပြည့်ဖြင့် ပြန်လည် ပါဝင်လာရန် အထူးအရေးကြီးကြောင်း ဖွင့်ဟခဲ့သည်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ခံစစ်မှူး ကွမ်ပနီသည် ဒဏ်ရာကြောင့် လတ်တလော အနားယူနေရသည်။
ပယ်လီဂရီနီက “ကျွန်တော်တို့ ဒီထက်ပိုတိုးတက်လာဖို့ လိုပါတယ်။ အသင်းက ဂိုးတွေ တော်တော်များများ ခွင့်ပြုပေးနေရတယ်”ဟု နောက်ဆုံး ပရီးမီးယားလိဂ် (၁၂)ပွဲတွင် Clean Sheet (၂)ပွဲသာ ရထားသည့် အသင်း၏ မန်နေဂျာက ဆိုသည်။ ၎င်းက “ကွမ်ပနီ မကြာခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကွမ်ပနီလည်း ပြန်ကစားနိုင်၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ဆာဂျီယို အဂူရိုတို့လည်း သီတင်းပတ်တိုင်း ပုံမှန် ကစားပေးနေ နိုင်ရင်တော့ ကျွန်တော်တို့ဟာ ချန်ပီယံဆုအတွက် ကြိုးစား တိုက်ပွဲဝင်နေတဲ့ အရေးပါတဲ့ အသင်းတစ်သင်းအဖြစ် ဆက်ရှိနေနိုင် ပါလိမ့်မယ်” ဟုလည်း ပြောကြားသွားခဲ့သည်။
Credit – soccer myanmar

Posted By UnknownDecember 22, 2015

ဂျရတ်နေရာဆက်ခံမည့်ကွင်းလယ်လူဂရူဂျစ်ကိုလီဗားပူးခေါ်ယူ

Filled under:

လီဗာပူးအသင်းသည် နည်းပြ ကလော့ပ် လက်ထက်တွင် ပထမဆုံးခေါ်ယူမှုအဖြစ် ရက်စတားဘဲလ်ဂရိတ်မှ လူငယ်ကွင်းလယ်လူ ဂရူဂျစ်ကို ခေါ်ယူပြီး ဂျရတ်ဝတ်ဆင်ခဲ့သည့် နံပါတ် (၈) အင်္ကျီ ပေးဝတ်မည်ဖြစ်သည်။
ဂရူဂျစ် (၁၉) နှစ်သည် အသင်းတွင် ငါးနှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၁ ဒသမ၂ သန်း ရရှိမည်ဖြစ်ကာ ဂလက်ဆီအသင်းသို့ ဂျရတ် ပြောင်းရွှေ့ပြီးနောက် မည်သူ့ကိုမှ ၀တ်ဆင်မှုမပေးဘဲ လစ်ဟာနေသည့် နံပါတ် (၈) အင်္ကျီကို ဝတ်ဆင်ခွင့်ရမည်ဖြစ်သည်။
ဘဲလ်ဂရိတ်အသင်းသည် ၎င်းတို့ ကစားသမားအတွက် ယူရိုတစ်သန်း ဦးစွာရရှိမည်ဖြစ်ပြီး စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ခြောက်သန်းရရှိမည်ဆို သည်။ ‘‘ဒါက ကျွန်တော်တို့အတွက်တော့ စံချိန်တင် ပြောင်းရွှေ့ကြေးပါ။ မာကိုဂရူဂျစ်ဟာ လီဗာပူးနဲ့ ငါးနှစ်စာချုပ်ချုပ်ပါမယ်’’ ဟု ရက် စတားဘဲလ်ဂရိတ်အားကစား ဒါရိုက်တာ ဇဗက်ဇဒန်တာဇစ်က ဆို သည်။Credit – 7day daily

Posted By UnknownDecember 22, 2015

ယူရိုပါလိဂ်ရူံးထွက်၃၂သင်းအဆင့်ပွဲစဉ်များ

Filled under:

ဗလင်စီယာ          - ရက်ပစ်ပီအန်
ဖီအိုရင်တီးနား              - စပါး
ဒေါ့မွန်                        - ပေါ်တို
ဖီနာဘာချီ           - လိုကိုမိုးတစ်မော်စကို
အန်ဒါလက်ခ်ျ               - အိုလံပီယာကော့စ်
မစ်ဂျီလန်း           - မန်ယူ
အော့စ်ဘတ်        - လီဗာပူးလ်
စပါတာပရပ်ဂ်               - ခရက်စ်နိုဒါ
ဂါလာတာစာရေး   - လာဇီယို
ဆီယွန်                       - ဘရာဂါ
ရှက်တာဒိုးနက်             - ရှော်လ်ကေး
မာဆေးလ်           - ဘီလ်ဘာအို
ဆီဗီလာ              - မိုလ်ဒီ
စပို့တင်းလစ္စဘွန်း - လေဗာကူဆင်
ဗီလာရီးယဲလ်               - နာပိုလီ
စိန့်အက်တီယန်   - ဘေဆယ်

Posted By UnknownDecember 22, 2015

Monday, 21 December 2015

၂၀၁၅-၁၆ ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)

Filled under:

အာဆင်နယ် Vs မန်ချက်စတာစီးတီး (SPORTS-6 / HD)
၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၂) ရက် အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက်(၂း၃၀)
တနင်္လာည ပရီးမီးယားလိဂ်နောက်ဆုံးရအချက်အလက်များ
အာဆင်နယ်-မန်စီးတီး (နံနက် ၂း၃၀)
-----------------------------------------
ထိပ်တိုက်တွေ့ဆုံမှု
--------------------
မန်စီးတီး ၀-၂ အာဆင်နယ်
အာဆင်နယ် ၂-၂ မန်စီးတီး
အာဆင်နယ် ၃-၀ မန်စီးတီး
အာဆင်နယ်နောက်ဆုံးသုံးပွဲ
-------------------------------
အက်စတွန်ဗီလာ ၀-၂ အာဆင်နယ် (ကြေးအောင်၊ ဂိုးအောက်)
အိုလံပီယာကို့စ် ၀-၃ အာဆင်နယ် (ကြေးအောင်၊ ဂိုးပေါ်)
အာဆင်နယ် ၃-၁ ဆန်းဒါးလန်း (ကြေးအောင်၊ ဂိုးပေါ်)
မန်စီးတီးနောက်ဆုံးသုံးပွဲ
---------------------------
မန်စီးတီး ၂-၁ ဆွမ်ဆီး (ကြေးကျ၊ ဂိုးပေါ်)
မန်စီးတီး ၄-၂ ဂလက်ဘတ် (ကြေးအောင်၊ ဂိုးပေါ်)
စတုခ်စီးတီး ၂-၀ မန်စီးတီး (ကြေးကျ၊ ဂိုးအောက်)
ဒဏ်ရာရ၊ ပွဲပယ်
-------------------
အာဆင်နယ်- ဝီလ်ရှီးယား၊ ရိုဆစ်စကီး၊ ကာဇိုလာ၊ ကိုကွီလင် (လယ်)၊ ဝဲလ်ဘတ် (ရှေ့)
မန်စီးတီး- ဇာဘလက်တာ၊ ကွန်ပနီ (နောက်)၊ နာဆရီ၊ ဖာနန်ဒို (လယ်)
Credit – Hyper Sports

Posted By UnknownDecember 21, 2015

Sunday, 20 December 2015

ဥရောပလူငယ်အကောင်းဆုံးကစားသမားဆုကိုမန်ယူတိုက်စစ်မှူးရရှိ

Filled under:

မန်ယူတိုက်စစ်မှူး အန်တိုနီမာရှယ်သည် အသက် ၂၁ နှစ်အောက် ကစားသမားများကိုသာ ရွေးချယ်ပေးအပ်သည့် ဥရောပလူငယ်အကောင်းဆုံးဘောလုံးသမားဆိုကို ဆွတ်ခူးရရှိခဲ့သည်။
အသက် ၁၉ နှစ်အရွယ်ရှိပြင်သစ်တိုက်စစ်မှူးသည် ဘိုင်ယန်မြူးနစ်အသင်းမှာ ကိုမန်း၊ မန်ယူအသင်းဖော်များဖြစ်သည့် လုခ်ရှောနှင့် ယာနူဇေးတို့ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့ခြင်း ဖြစ်သည်။မာရှယ်သည် ယခုနှစ်ဘောလုံးရာသီအစတွင် ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းဖြင့် မိုနာကိုမှ မန်ယူသို့ ရောက်ရှိလာပြီး ခြေစွမ်းပြကစားကာ ဂိုးများသွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဥရောပလူငယ်အကောင်ဆုံးဘောလုံးသမားဆုကို ပြီးခဲ့သည့်နှစ်က မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်းက ရရှိခဲ့သည်။ ထိုဆုကို အီတာလျံသတင်းစာ Tuttosport က ၂၀၀၃ ခုနှစ်မှ စတင်ပြီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုဆုကို ၀ိန်းရွန်နီ၊ အဂူရို၊ မက်ဆီ၊ ဂေါ့ဇီနှင့် ပေါ့ဂ်ဘာတို့လည်း ရရှိခဲ့ဖူးသည်။
Credit – Hyper Sport

Posted By UnknownDecember 20, 2015

တနင်္ဂနွေနေ့ညဘောလုံးပွဲရလဒ်များ

Filled under:

ပရီးမီးယားလိဂ်ရလဒ်
ဝက်ဖို့ဒ် ၀-၃ လီဗာပူးလ်
ဆွမ်ဆီး ၀-၀ ဝက်စ်ဟမ်း
လာလီဂါ ပွဲစဉ်(၁၆) ရလဒ်
ရီးယဲလ် ၁၀-၂ ဗယ်လ်ကာနို
ဂရန်နာဒါ ၀-၂ ဆယ်လ်တာဗီဂို
ဘီလ်ဘာအို ၂-၀ လီဗန်တေး
မာလာဂါ ၁-၀ အက်သလက်
ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၇) ရလဒ်
ဟာသာဘာလင် ၂-၀ မိန့်ဇ်
ဂလတ်ဘတ် ၃-၂ ဒမ်းစတက်
တနင်္ဂနွေည စီးရီးအေရလဒ်
ကာပီ ၂-၃ ဂျုဗင်တပ်စ်
အတ္တလန်တာ ၁-၃ နာပိုလီ
ဖီအိုရင်တီးနား ၂-ဝ
ချီယေဗို ဗီရိုနာ ၁-၁ ဆက်ဆူအိုလို
ရိုးမား ၂-၀ ဂျီနိုအာ
ဖရိုဆီနိုနီ ၂-၄ အေစီမီလန်
ဆမ်ဒိုးရီးယား ၂-၀ ပါလာမို
တိုရီနို ၀-၁ အူဒီးနီးစ်
အင်တာမီလန် ၁-၂ လာဇီယို

Posted By UnknownDecember 20, 2015

Saturday, 19 December 2015

စနေနေ့ညပရီးမီးယားလိဂ်ပွဲရလဒ်

Filled under:

အဲဗာတန် ၂-၃ လက်စတာ
မန်ယူ ၁-၂ နောဝစ်ခ်ျ
ချယ်လ်ဆီး ၂-၁ ဆန်းဒါးလန်း
ဝက်စ်ဘရွန်း ၁-၂ ဘုန်းမောက်
စတုတ်စီးတီး ၁-၂ ခရစ္စတယ်ပဲလေ့စ်
ဆောက်သမ်တန် ၀-၂ စပါး
နယူးကာဆယ် ၁-၁ အက်စတွန်ဗီလာ
လာလီဂါ ပွဲစဉ်(၁၆) ပွဲရလဒ်
ဗလင်စီယာ  ၂-၂  ဂီတာဖေး
အက်စ်ပန်ညို ၁-၀ လက်စ်ပါးမက်စ်
ဘက်တစ် ၀-၀ ဆီဗီလာ
ဒီပို့တီဗို ၂-၁ အီဘာ
ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၇) ပွဲရလဒ်
ဟမ်းဘတ် ၀-၁ အော့စ်ဘတ်
ဖရန့်ဖတ် ၂-၁ ၀ါဒါဘရီမင်
ကိုလုံး ၂-၁ ဒေါ့မွန်
ဟန်နိုဗာ ၀-၁ ဘိုင်ယန်
အင်ဂေါစတက် ၀-၁ လေဗာကူဆင်
စတုဂတ် ၃-၁ ၀ုဖ်ဘတ်
စီးရီးအေ ပွဲစဉ်(၁၇) ပွဲရလဒ်
ဘိုလော့ဂ်နာ - အမ်ပိုလီ

Posted By UnknownDecember 19, 2015

အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယ အဆင့်မှာ ရန်ကုန် ယူနိုက်တက်အသင်းထိုင်းကလပ် ချောင်ဘူရီအသင်းနဲ့ တွေ့ဆုံ

Filled under:


အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီလ၂ရက်နေ့မှာ ထိုင်းပရီးမီးယားလိဂ် ကလပ် ချောင်ဘူရီ အသင်းနဲ့ ကစားရမယ်လို့ သိရပါသည်။
ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းဟာ မူလက ထိုင်းပရီးမီးယားလိဂ် အဆင့်သုံးနေရာမှ အသင်းနဲ့ ကစားရမှာ ဖြစ်ပေမယ့် အဆိုပါ ကလပ်အသင်းမှာ ကလပ်လိုင်စင်မရှိတာကြောင့် အဆင့်လေးနေရာမှ ချောင်ဘူရီအသင်းက ၀င်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါသည်။
“ချောင်ဘူရီ အသင်းနဲ့ ၂၀၁၂အေအက်ဖ်စီဖလားပြိုင်ပွဲမှာ ဆုံဖူးတယ်။ အဲဒီတုန်းက သရေကျခဲ့တယ်။ အတွေ့ အကြုံရှိပေမယ့် အရမ်းအကွာကြီး မဟုတ်ပါဘူး”လို့ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း တာဝန်ရှိသူ တစ်ဦးကပြောပါသည်။
ရန်ကုန်ယူနိုက်တက် အသင်းဟာ ဖေဖော်ဝါရီ၂ရက်နေ့မှာ ချောင်ဘူရီကလပ်ကို အနိုင်ရရှိပါက အာရှချန်ပီယံလိဂ် play-offအဆင့်မှာ ဂျပန်ဂျေလိဂ်အဆင့် လေးရအသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါသည်။ ယင်းအဆင့်ကို ကျော်ဖြတ်နိုင်မှသာ အာရှချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေကို ကစားရမှာဖြစ်ပြီး အဆိုပါ အုပ်စုအဆင့်မှာတော့ မိုဟမ်ဘင်ဂမ်၊ တောင်တရုတ်၊ မာဇီယာကလပ် အသင်းတို့နဲ့ ကစားရမှာဖြစ်ပါသည်။

Posted By UnknownDecember 19, 2015

ရှော်လ်ကေး နောက်ခံလူ မာတစ်ပ်ကို အလွတ်ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ

Filled under:

ရှာ်လ်ကေး နောက်ခံလူ မာတစ်ပ်ကို အလွတ်ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ
လီဗာပူးလ် အသင်းသည် ခံစစ်ပိုင်း အားဖြည့်ရန် ရည်မှန်းချက်ဖြင့် ရှော်လ်ကေး နောက်ခံလူ ဂျိုဝယ်လ်မာတစ်ပ်ကို စောင့်ကြည့်နေကြောင်း သိရသည်။
အသက်(၂၄)နှစ်ရှိ မာတစ်ပ်ကို နွေရာသီ ဈေးကွက်ကာလတွင် နယူးကာဆယ်လ် ယူနိုက်တက်ကလည်း ဆက်သွယ်ခဲ့ဖူးသည့်တိုင် အပြောင်းအရွှေ့ လက်တွေ့ မဖြစ်မြောက်ခဲ့ချေ။ မာတစ်ပ်၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်အတွင်း ဝင်ရောက်နေပြီ ဖြစ်သောကြောင့် လာမည့်လတွင် အခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးပြီး ရာသီကုန်တွင် စိတ်ကြိုက်အသင်းသစ်သို့ အလွတ်ပြောင်းရွှေ့နိုင်မည် ဖြစ်သည်။ လီဗာပူးလ် မန်နေဂျာ ယာဂင်ကလော့ပ်သည် မာတစ်ပ်ကို အကြိုသဘောတူညီမှုဖြင့် စာချုပ်ထားနိုင်ရန် မျှော်လင့်နေသည်။
နယူးကာဆယ်လ်သည် ကင်မရွန်း လက်ရွေးစင် ကစားသမားကို စတာလင်ပေါင် (၁၀)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း အပြီးသတ် သဘောတူညီမှု မရခဲ့ချေ။ လီဗာပူးလ်သည် ဇန်နဝါရီ ဈေးကွက်တွင် ငွေကြေးသုံးစွဲဖွယ် မရှိသော်လည်း နွေရာသီ အားဖြည့်ရေး စီမံကိန်းများအတွက် စတင်ပြင်ဆင်မည့် အလားအလာ ရှိနေသည်။ မာတစ်ပ်သည် အရပ်(၆)ပေ (၄)လက်မမြင့်ပြီး လိုအပ်ပါက ကွင်းလယ်ခံစစ်တွင်လည်း ကစားနိုင်သူ ဖြစ်သည်။ အကယ်၍ ကလော့ပ်သာ ၎င်းကို အမှန်တကယ် ခေါ်ယူလိုသည်ဟု ဆုံးဖြတ်ပါက ဇန်နဝါရီ ဈေးကွက်ဖွင့်သည်နှင့် ကစားသမားကို အသင်းက ခြေမြန်လက်မြန် ချဉ်းကပ်ဖွယ် ရှိနေသည်။
လီဗာပူးလ်သည် ရက်ဒ်စတားဘဲလ်ဂရိတ် အသင်း၏ အသက်(၁၉)နှစ်အရွယ် လူငယ် ကစားသမားလေး မာကို ဂရူဂျစ်ကို ဝယ်ယူရန်လည်း ဆွေးနွေးနေဆဲ ဖြစ်သည်။ ရက်ဒ်စတားသည် လာမည့်ရာသီတွင် ဥရောပ ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့် ရလာဖွယ်ရှိပြီး ဘဏ္ဍာရေး Fairplay စည်းမျဉ်းနှင့် ကိုက်ညီစေရန်အတွက် ကစားသမား အချို့ကို ရောင်းထုတ်ရန် ပြင်ဆင်နေသည်။ လီဗာပူးလ်သည် ဆာဘီးယား တက်သစ်စ ကွင်းလယ် ဖန်တီးရှင်လေးကို စတာလင်ပေါင် (၄.၅)သန်း ဝန်းကျင်ဖြင့် ဝယ်ယူပြီး ရက်ဒ်စတားထံသို့ (၁၈)လ အငှားပြန်ချထားပေးရန် ကမ်းလှမ်းထားကြောင်း သိရှိရသည်။
Credit- soccer myanmar 

Posted By UnknownDecember 19, 2015

ဥရောပပြိုင်ပွဲများ၏ပွဲကြိုအချက်အလက်များ

Filled under:

ယနေ့ညကစားမည့် ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၇)
ပွဲကြိုအချက်အလက်များ
ရှော်လ်ကေး - ဟော့ဖန်ဟိမ်း (နံနက် ၂း၀၀)
ထိပ်တိုက်တွေ့ဆုံမှု
---------------------
ရှော်လ်ကေး ၃ - ၁ ဟော့ဖန်ဟိမ်း
ဟော့ဖန်ဟိမ်း ၂ - ၁ ရှော်လ်ကေး
ရှော်လ်ကေး ၄ - ၀ ဟော့ဖန်ဟိမ်း
ရှော်လ်ကေး နောက်ဆုံးသုံးပွဲ
----------------------------
အော့စ်ဘတ် ၂ - ၁ ရှော်လ်ကေး (ကြေးကျ၊ ဂိုးပေါ်)
အက်စတီရက်စ် ၀ - ၄ ရှော်လ်ကေး (ကြေးအောင်၊ ဂိုးပေါ်)
ရှော်လ်ကေး ၃ - ၁ ဟန်နိုဗာ (ကြေးအောင်၊ ဂိုးပေါ်)
ဟော့ဖန်ဟိမ်း နောက်ဆုံးသုံးပွဲ
--------------------------------
ဟော့ဖန်ဟိမ်း ၁ - ၀ ဟန်နိုဗာ (ကြေးအောင်၊ ဂိုးအောက်)
အင်ဂေါစတက် ၁ - ၁ ဟော့ဖန်ဟိမ်း (ကြေးအောင်၊ ဂိုးအောက်)
ဟော့ဖန်ဟိမ်း ၃ - ၃ ဂလတ်ဘတ် (ကြေးအောင်၊ ဂိုးပေါ်)
ဒဏ်ရာရ၊ ပွဲပယ်
------------------
ရှော်လ်ကေး - ဒင်းနစ်(နောက်တန်း)၊ နက်စတာဆစ်(နောက်တန်း)၊ ဟိုဂါ(ကွင်းလယ်)၊ ယူချီဒါ(နောက်တန်း)
ဟော့ဖန်ဟိမ်း - ဂျင်းစ်(ဂိုး)၊ စတီဗင်(ကွင်းလယ်)၊ ကူရင်ညီ(ရှေ့တန်း)
ဟမ်းဘတ် - အော့စ်ဘတ် (ည ၉း၀၀နာရီ)
ထိပ်တိုက်တွေ့ဆုံမှု
---------------------
ဟမ်းဘတ် - ၃ - ၂ အော့စ်ဘတ်
အော့စ်ဘတ် ၃ - ၁ ဟမ်းဘတ်
အော့စ်ဘတ် ၃ - ၁ ဟမ်းဘတ်
………………………………….
ဟမ်းဘတ် နောက်ဆုံးသုံးပွဲ
----------------------------
ဝုဖ်ဘတ် ၁ - ၁ ဟမ်းဘတ် (ကြေးအောင်၊ ကြေးကျ)
ဟမ်းဘတ် ၁ - ၃ မိန့်ဇ် (ကြေးကျ၊ ကြေးအောင်)
ဝါဒါဘရီမင် ၁ - ၃ ဟမ်းဘတ် (ကြေးအောင်၊ ဂိုးပေါ်)
…………………………………………………………
အော့စ်ဘတ် နောက်ဆုံးသုံးပွဲ
--------------------------------
အော့စ်ဘတ် ၀ - ၂ ဒေါ့မွန် (ကြေးကျ၊ ဂိုးအောက်)
အော့စ်ဘတ် ၂ - ၁ ရှော်လ်ကေး (ကြေးအောင်၊ ဂိုးပေါ်)
ပါတီဇန် ၁ - ၃ အော့စ်ဘတ် (ကြေးအောင်၊ ဂိုးပေါ်)
……………………………………………………………
ဒဏ်ရာရ၊ ပွဲပယ်
------------------
ဟမ်းဘတ် - မာဆယ်လို(ကွင်းလယ်)၊ ကာဆာ(ကွင်းလယ်)၊ အယ်လ်ဘင်(ကွင်းလယ်)၊ ကလီဘာ(နောက်တန်း)။
အော့စ်ဘတ် - ဒိုမီနစ်(ကွင်းလယ်၊ ပွဲပယ်)၊ ဂျန်အင်ဟွာ(နောက်တန်း)၊ ၀ါနာ(ကွင်းလယ်)၊ ရှောင်ပါကား(ရှေ့တန်း)။
ဖရန့်ဖတ် - ၀ါဒါဘရီမင် (ည ၉း၀၀နာရီ)
ထိပ်တိုက်တွေ့ဆုံမှု
---------------------
ဝါဒါဘရီမင် ၁ - ၀ ဖရန့်ဖတ်
ဖရန့်ဖတ် ၅ - ၂ ၀ါဒါဘရီမင်
ဖရန့်ဖတ် ၀ - ၀ ၀ါဒါဘရီမင်
………………………………….
ဖရန့်ဖတ် နောက်ဆုံးသုံးပွဲ
----------------------------
ဒေါ့မွန် ၄ - ၁ ဖရန့်ဖတ် (ကြေးကျ၊ ဂိုးပေါ်)
ဖရန့်ဖတ် ၀ - ၁ ဒမ်းစတက် (ကြေးကျ၊ ဂိုးအောက်)
မိန့်ဇ်န် ၂ - ၁ ဖရန့်ဖတ် (ကြေးကျ၊ ဂိုးပေါ်)
…………………………………………………………
ဝါဒါဘရီမင် နောက်ဆုံးသုံးပွဲ
--------------------------------
ဂလတ်ဘတ် ၃ - ၄ ၀ါဒါဘရီမင် (ကြေးအောင်၊ ဂိုးပေါ်)
ဝါဒါဘရီမင် ၁ - ၁ ကိုလုံး (ကြေးကျ၊ ဂိုးအောက်)
စတုဂတ် ၁ - ၁ ၀ါဒါဘရီမင် (ကြေးအောင်၊ ဂိုးအောက်)
……………………………………………………………
ဒဏ်ရာရ၊ ပွဲပယ်
------------------
ဖရန့်ဖတ် - မီဒိုဂျီဗစ်(ကွင်းလယ်၊ ပွဲပယ်)၊ ဆန်နီ(ကွင်းလယ်)၊ စတီဖန်(ကွင်းလယ်)၊ ဂျိုဟန်နက်စ်(ကွင်းလယ်)၊ ကက်စတီနို့စ်(ရှေ့တန်း)၊ အီမေးလ်(ဂိုး)၊ ဘမ်ဘာ(နောက်တန်း)။
ဝါဒါဘရီမင် - ဂျုနူဇိုဗစ်(ကွင်းလယ်)၊ ဂျိုဟန်ဆင်(ရှေ့တန်း)၊ လန်ဂီရက်(ဂိုး)
ကိုလုံး - ဒေါ့မွန် (ည ၉း၀၀နာရီ)
ထိပ်တိုက်တွေ့ဆုံမှု
---------------------
ဒေါ့မွန် ၀ - ၀ ကိုလုံး
ကိုလုံး ၂ - ၁ ဒေါ့မွန်
ကိုလုံး ၁ - ၀ ဒေါ့မွန်
………………………………….
ကိုလုံး နောက်ဆုံးသုံးပွဲ
----------------------------
ဝါဒါဘရီမင် ၁ - ၁ ကိုလုံး (ကြေးအောင်၊ ဂိုေးအာက်)
ကိုလုံး ၀ - ၁ အော့စ်ဘတ် (ကြေးကျ၊ ဂိုးအောက်)
ဒမ်းစတက် ၀ - ၀ ကိုလုံး (ကြေးအောင်၊ ဂိုးအောက်)
…………………………………………………………
ဒေါ့မွန် နောက်ဆုံးသုံးပွဲ
--------------------------------
အော့စ်ဘတ် ၀ - ၂ ဒေါ့မွန် (ကြေးအောင်၊ ဂိုးအောက်)
ဒေါ့မွန် ၄ - ၁ ဖရန့်ဖတ် (ကြေးအောင်၊ ဂိုးပေါ်)
ဒေါ့မွန် ၀ - ၁ PAOK (ကြေးကျ၊ ဂိုးအောက်)
……………………………………………………………
ဒဏ်ရာရ၊ ပွဲပယ်
------------------
ကိုလုံး - မရှိ
ဒေါ့မွန် - မာကိုရူးစ်(ကွင်းလယ်)
ဟန်နိုဗာ - ဘိုင်ယန် (ည ၉း၀၀နာရီ)
ထိပ်တိုက်တွေ့ဆုံမှု
---------------------
ဟန်နိုဗာ ၁ - ၃ ဘိုင်ယန်
ဘိုင်ယန် ၄ - ၀ ဟန်နိုဗာ
ဟန်နိုဗာ ၀ - ၄ ဘိုင်ယန်
………………………………….
ဟန်နိုဗာ နောက်ဆုံးသုံးပွဲ
----------------------------
ဟော့ဖန်ဟိမ်း ၁ - ၀ ဟန်နိုဗာ (ကြေးကျ၊ ဂိုးအောက်)
ရှော်လ်ကေး ၃ - ၁ ဟန်နိုဗာ (ကြေးကျ၊ ဂိုးပေါ်)
ဟန်နိုဗာ ၄ - ၀ အင်ဂေါစတက် (ကြေးအောင်၊ ဂိုးပေါ်)
…………………………………………………………
ဘိုင်ယန် နောက်ဆုံးသုံးပွဲ
--------------------------------
ဘိုင်ယန် ၁ - ၀ ဒမ်းစတက် (ကြေးကျ၊ ဂိုးအောက်)
ဘိုင်ယန် ၂ - ၀ အင်ဂေါစတက် (ကြေးကျ၊ ဂိုးအောက်)
ဒိုင်နမိုဇာဂရက် ၀ - ၂ ဘိုင်ယန် (ကြေးအောင်၊ ဂိုးအောက်)
……………………………………………………………
ဒဏ်ရာရ၊ ပွဲပယ်
------------------
ဟန်နိုဗာ - အိုလီဗာ(နောက်တန်း)၊ ဆိုဘစ်ခ်ျ(ရှေ့တန်း)၊ ဟီရိုရှီ(ကွင်းလယ်)
ဘိုင်ယန် - ဖိလစ်လမ်း(ကွင်းလယ်)၊ ရီဘာရီ(ကွင်းလယ်)၊ ဘီနာတီယာ(နောက်တန်း)၊ အလာဘာ(နောက်တန်း)၊ ဒေါက်ကလပ်စ်ကော်စတာ(ကွင်းလယ်)၊ ဘားနက်(နောက်တန်း)၊ ဂေါ့ဇီ(ကွင်းလယ်)
အင်ဂေါစတက် - လေဗာကူဆင် (ည ၉း၀၀နာရီ)
ထိပ်တိုက်တွေ့ဆုံမှု
---------------------
မရှိ
………………………………….
အင်ဂေါစတက် နောက်ဆုံးသုံးပွဲ
----------------------------
ဘိုင်ယန် ၂ - ၀ အင်ဂေါစတက် (ကြေးအောင်၊ ဂိုးအောက်)
အင်ဂေါစတက် ၁ - ၁ ဟော့ဖန်ဟိမ်း (ကြေးကျ၊ ဂိုးအောက်)
ဟန်နိုဗာ ၄ - ၀ အင်ဂေါစတက် (ကြေးကျ၊ ဂိုးပေါ်)
…………………………………………………………
လေဗာကူဆင် နောက်ဆုံးသုံးပွဲ
--------------------------------
အန်တာဟက်ချီ ၁ - ၃ လေဗာကူဆင် (ကြေးအောင်၊ ဂိုးပေါ်)
လေဗာကူဆင် ၅ - ၀ ဂလတ်ဘတ် (ကြေးအောင်၊ ဂိုးပေါ်)
လေဗာကူဆင် ၁ - ၁ ဘာစီလိုနာ (ကြေးအောင်၊ ဂိုးအောက်)
……………………………………………………………
ဒဏ်ရာရ၊ ပွဲပယ်
------------------
အင်ဂေါစတက် - မားကပ်စ်(နောက်တန်း)၊ ကွန်စတန်တင်(နောက်တန်း)
လေဗာကူဆင် - ဆီဘက်စတီယန်(နောက်တန်း၊ ပွဲပယ်)၊ ဟေးလ်ဘက်(နောက်တန်း)၊ ဘင်ဒါ(ကွင်းလယ်)၊ ဂျက်ဗာဂျီ(နောက်တန်း)၊ အာရန်ဂူရက်ဇ်(ကွင်းလယ်)
စတုဂတ် - ၀ုဖ်ဘတ် (နံနက် ၁၂း၀၀နာရီ )
ထိပ်တိုက်တွေ့ဆုံမှု
---------------------
ဝုဖ်ဘတ် ၃ - ၁ စတုဂတ်
စတုဂတ် ၀ - ၄ ၀ုဖ်ဘတ်
စတုဂတ် ၁ - ၂ ၀ုဖ်ဘတ်
………………………………….
စတုဂတ် နောက်ဆုံးသုံးပွဲ
----------------------------
စတုဂတ် ၃ - ၂ အိုင်ထရက်ခ်ျ (ကြေးကျ၊ ဂိုးပေါ်)
မိန့်ဇ် ၀ - ၀ စတုဂတ် (ကြေးအောင်၊ ဂိုးအောက်)
စတုဂတ် ၁ - ၁ ၀ါဒါဘရီမင် (ကြေးကျ၊ ဂိုးအောက်)
…………………………………………………………
ဝုဖ်ဘတ် နောက်ဆုံးသုံးပွဲ
--------------------------------
ဝုဖ်ဘတ် ၁ - ၁ ဟမ်းဘတ် (ကြေးကျ၊ ဂိုးအောက်)
ဝုဖ်ဘတ် ၃ - ၂ မန်ယူ (ကြေးအောင်၊ ဂိုးပေါ်)
ဝုဖ်ဘတ် ၁ - ၂ ဒေါ့မွန် (ကြေးကျ၊ ဂိုးပေါ်)
……………………………………………………………
ဒဏ်ရာရ၊ ပွဲပယ်
------------------
စတုဂတ် - မာတင်(ရှေ့တန်း)၊ ဒင်နီရယ်(ရှေ့တန်း)၊ လင်ဂီရက်(ဂိုး)
ဝုဖ်ဘတ် - ကားလို့စ်(ကွင်းလယ်)၊ ဖိလစ်ပီ(နောက်တန်း)
လာလီဂါ ပွဲစဉ်(၁၆) နောက်ဆုံးရပွဲကြို အချက်အလက်များ
ဗလင်စီယာ - ဂီတာဖေး (ည ၀၉း၃၀)
ထိပ်တိုက်တွေ့ဆုံမှု
-----------------------
ဗလင်စီယာ ၁-၀ ဂီတာဖေး
ဂီတာဖေး ၀-၃ ဗလင်စီယာ
ဗလင်စီယာ ၁-၃ ဂီတာဖေး
----------------------------
ဗလင်စီယာ၏နောက်ဆုံးသုံးပွဲ
----------------------------
ဗလင်စီယာ ၂-၀ ဘာရာကယ်ဒို (ကြေးကျ/ဂိုးအောက်)
အီဘာ ၁-၁ ဗလင်စီယာ (ကြေးကျ/ဂိုးအောက်)
ဗလင်စီယာ ၀-၂ လိုင်ယွန် (ကြေးကျ/ဂိုးအောက်)
-----------------------------
ဂီတာဖေး၏ နောက်ဆုံးသုံးပွဲ
-----------------------------
ဂီတာဖေး ၃-၁ ဗယ်လ်ကာနို (ကြေးအောင်/ဂိုးပေါ်)
ဂီတာဖေး ၁-၁ ဆိုစီဒက် (သရေ/ဂိုးအောက်)
ရီးယဲလ် ၄-၁ ဂီတာဖေး (ကြေးကျ/ဂိုးပေါ်)
-----------------
ဒဏ်ရာရ/ပွဲပယ်
-----------------
ဗလင်စီယာ - ဘက်ကာလီ(တိုက်စစ်)၊ အော်ဘန်(ခံစစ်/ပွဲပယ်)၊ အန်ဇိုပီရက်ဇ်(ကွင်းလယ်)၊ ဂျာဗီဖူဂို(ကွင်းလယ်/ပွဲပယ်)၊ ဖီဂူလီ(ကွင်းလယ်)၊ မိုရီနို(တိုက်စစ်)၊ ဒီယေဂိုအဲလ်ဗက်စ်(ဂိုး)
ဂီတာဖေး - ဘူရန်ဒီယာ(ကွင်းလယ)၊ မက်ဒရန်(ကွင်းလယ်)
အက်စ်ပန်ညို - လက်စ်ပါးမက်စ် (ည ၁၁း၄၅)
ထိပ်တိုက်တွေ့ဆုံမှု
-----------------------
အက်စ်ပန်ညို ၃-၁ လက်စ်ပါးမက်စ်
လက်စ်ပါးမက်စ် ၂-၀ အက်စ်ပန်ညို
အက်စ်ပန်ညို ၃-၂ လက်စ်ပါးမက်စ်
----------------------------
အက်စ်ပန်ညို၏နောက်ဆုံးသုံးပွဲ
----------------------------
အက်စ်ပန်ညို ၂-၁ လီဗန်တေး (ကြေးအောင်/ဂိုးပေါ်)
ဆယ်လ်တာဗီဂို ၁-၀ အက်စ်ပန်ညို (သရေ/ဂိုးအောက်)
အက်စ်ပန်ညို ၁-၁ လီဗန်တေး (ကြေးကျ/ဂိုးအောက်)
-----------------------------
လက်စ်ပါးမက်စ်၏ နောက်ဆုံးသုံးပွဲ
-----------------------------
ဆိုစီဒက် ၁-၁ လက်စ်ပါးမက်စ် (ကြေးအောင်/ဂိုးအောက်)
လက်စ်ပါးမက်စ် ၁-၀ ဘက်တစ် (ကြေးအောင်/ဂိုးအောက်)
စပို့တင်းဂီဂျွန် ၃-၁ လက်စ်ပါးမက်စ် (ကြေးကျ/ဂိုးပေါ်)
-----------------
ဒဏ်ရာရ/ပွဲပယ်
-----------------
အက်စ်ပန်ညို - အာဘီလာ(ခံစစ်)
လက်စ်ပါးမက်စ် - အယ်လ်ကာရက်ဇ်(ခံစစ်)၊ ဘီဂက်စ်(ခံစစ်)၊ ကက်စတယ်လာနို(ကွင်းလယ်)၊ အိန်ဂျယ်လိုပက်ဇ်(ခံစစ်)
ဘက်တစ် - ဆီဗီလာ (နံနက် ၀၂း၀၀)
ထိပ်တိုက်တွေ့ဆုံမှု
-----------------------
ဘက်တစ် ၀ - ၂ ဆီးဗီးလား
ဘက်တစ် ၀ - ၂ ဆီးဗီးလား
ဆီးဗီးလား ၀ - ၂ ဘက်တစ်
----------------------------
ဘက်တစ်၏နောက်ဆုံးသုံးပွဲ
----------------------------
စပို့တင်းဂီဂျွန် ၃-၃ ဘက်တစ် (ကြေးအောင်/ဂိုးပေါ်)
လက်စ်ပါးမက်စ် ၁-၀ ဘက်တစ် (ကြေးကျ/ဂိုးအောက်)
ဘက်တစ် ၁-၁ ဆယ်လ်တာဗီဂို (ကြေးအောင်/ဂိုးအောက်)
-----------------------------
ဆီဗီလာ၏ နောက်ဆုံးသုံးပွဲ
-----------------------------
ဆီဗီလာ ၂-၀ လော့ရိုနက်စ် (သရေ/ဂိုးအောက်)
ဆီဗီလာ ၂-၀ စပို့တင်းဂီဂျွန် (ကြေးအောင်/ဂိုးအောက်)
ဆီဗီလာ ၁-၀ ဂျူဗင်တပ်စ် (ကြေးအောင်/ဂိုးအောက်)
-----------------
ဒဏ်ရာရ/ပွဲပယ်
-----------------
ဘက်တစ် - မရှိ
ဆီဗီလာ - အန်ဒရီယိုလီ(ခံစစ်)၊ ဘီတို(ဂိုး)၊ ပါရီဂျာ(ခံစစ်)
ဒီပို့တီဗို - အီဘာ (နံနက် ၀၃း၃၅)
ထိပ်တိုက်တွေ့ဆုံမှု
-----------------------
ဒီပို့တီဗို ၂-၀ အီဘာ
အီဘာ ၀-၁ ဒီပို့တီဗို
ဒီပို့တီဗို ၁-၁ အီဘာ
----------------------------
ဒီပို့တီဗို၏နောက်ဆုံးသုံးပွဲ
----------------------------
ဒီပို့တီဗို ၁-၁ လာဂိုစတီယာ (ကြေးကျ/ဂိုးအောက်)
ဘာစီလိုနာ ၂-၂ ဒီပို့တီဗို (ကြေးအောင်/ဂိုးပေါ်)
ဒီပို့တီဗို ၁-၁ ဆီဗီလာ (ကြေးအောင်/ဂိုးအောက်)
-----------------------------
အီဘာ၏ နောက်ဆုံးသုံးပွဲ
-----------------------------
အီဘာ ၄-၀ ပွန်ဖာရာဒီနာ (ကြေးအောင်/ဂိုးပေါ်)
အီဘာ ၁-၁ ဗလင်စီယာ (ကြေးအောင်/ဂိုးအောက်)
ဆိုစီဒက် ၂-၁ အီဘာ (ကြေးကျ/ဂိုးပေါ်)
-----------------
ဒဏ်ရာရ/ပွဲပယ်
-----------------
ဒီပို့တီဗို - လိုပို(ခံစစ်)၊ ကာနီ(ကွင်းလယ်)၊ လော်ရီ(ခံစစ်/ပွဲပယ်)၊ ရီရာ(တိုက်စစ်)၊ ဖာဘရီစီယို(ဂိုး)၊ ဘော်ဂက်စ်(ကွင်းလယ်)၊ ဂူတီယာရက်ဇ်(ကွင်းလယ်)
အီဘာ - ရာမစ်(ခံစစ်/ပွဲပယ်)၊ ဟာရိုဗစ်(ကွင်းလယ်)၊ ဂျန်ကာ(ခံစစ်)၊ အီကီဇာ(ခံစစ်)၊ ဆီဗက်စတြီ(ကွင်းလယ်)၊ ဂျင်မီနက်ဇ်(ဂိုး)
Credit – Hyper Sports

အောင်မြင့်မြတ်
admin-မြန်မာလူငယ်သတင်းစုံ

Posted By Myanmar Youths Technology GroupDecember 19, 2015

Friday, 18 December 2015

ထိုက်ထိုက်အောင်ကမ္ဘောဇအသင်းသို့ပြောင်းရွေ့

Filled under:

ထိုက်ထိုက်အောင် ကမ္ဘောဇအသင်းသို့ ပြောင်းရွေ့ 
2015-12-19 အားကစားသတင်းများ

<<<Zawgyi Version>>>
Credit – Soccer Myanmar
<<<Unicode Version>>>
ဧရာဝတီ ယူနိုက်တက် အသင်းမှ လူငယ် ကစားသမား ထိုက်ထိုက်အောင် ကမ္ဘောဇအသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွေ ့
ဧရာဝတီ ယူနိုက်တက် အသင်းမှ မြန်မာယူ၂၀ လက်ရွေးစင်ဟောင်း ထိုက်ထိုက်အောင်ဟာ ကမ္ဘောဇအသင်းကို ပြောင်းရွေ့ သွားပြီလို့ သိရပါသည်။
ထိုက်ထိုက်အောင်ဟာ ဧရာဝတီ ယူနိုက်တက် လူငယ်အသင်းမှာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘောဇ အသင်းက ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့တာလို့ သိရပါသည်။
"အမှတ်ပေး ချန်ပီယံ ဖြစ်ချင်လို့၊ အခုထက် ပိုအောင်မြင်ချင်လို့ အသင်းပြောင်းတာပါ။ ဧရာဝတီ ယူနိုက်တက်အသင်း ကျွန်တော်အပေါ်ကျေးဇူးအများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ချင်တယ်။ အသင်းဖော် အသစ်တွေနဲ့ လက်တွဲပြီး အောင်မြင်မှုတွေ ရှာဖွေသွားမယ်”လို့ ထိုက်ထိုက်အောင်မှ ပြောကြားခဲ့သည်။
ကမ္ဘောဇအသင်းဟာ မြန်မာနေရှင်နယ်လိဂ်၂၀၁၆ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်နိုင်ဖို့ ပြင်ဆင်နေတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ဧရာဝတီ ယူနိုက်တက်အသင်းမှ နေလင်းထွန်းနဲ့ ဟိန်းသီဟဇော် တို့ကို ခေါ်ယူထားပြီး ဖြစ်တယ်လို ့သိရပါတယ်။
ဒါ့အပြင် အသင်းအမည်ကို ရှမ်းယူနိုက်တက် အဖြစ်ပြောင်းလဲဖို့အတွက် ပြင်ဆင်နေပြီး လက်ရှိအချိန်မှာ အသင်းသီချင်းအမည်သာ ကျန်ရှိတော့တယ်လို ့သိရပါသည်။
Credit – Soccer Myanmar


Posted By UnknownDecember 18, 2015

ရော်နယ်ဒိုမန်ယူရောက်ဖို့ဖာဂူဆန်ကူညီ

Filled under:

ရော်နယ်ဒို မန်ယူရောက်ဖို့ ဖာဂူဆန် ကူညီမယ်
2015-11-27 အားကစားသတင်းများ
ရော်နယ်ဒို မန်ယူရောက်ဖို့ ဖာဂူဆန် ကူညီမယ်
ရော်နယ်ဒိုက မန်ယူပြန်ခေါ်နိုင်ဖို့အတွက် နည်းပြဟောင်း ဖာဂူဆန်က ဝင်ရောက်ကူညီသွားမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုအပေါ်  ဖာဂူဆန်ရဲ့ သြဇာရှိနေဆဲပါ
မန်ယူအသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က အသင်းရဲ့အဝတ်လဲခန်းထဲမှာ သြဇာအာဏာ မရှိတော့ပေမယ့် ကစားသမားအပြောင်းအရွှေ့ကိစ္စတွေမှာတော့သြဇာသက်ရောက်သူ ဖြစ်နေဆဲဆိုတာသက်သေပြတဲ့သတင်းတစ်ပုဒ်ထွက်လာပြန်ပါပြီ။လက်ရှိရီးရဲလ်မက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက မန်ယူက  ပြန်ခေါ်ဖို့ ကြိုးပမ်းနေရာမှာ ဖာဂူဆန်က ဝင်ရောက်ကူညီသွားမယ်လို့ဆိုပါတယ်။အခုချိန်မှာတော့ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပြီး ပီအက်စ်ဂျီကလည်း ခေါ်ဖို့ကြိုးစားနေတယ်လို့သတင်းထွက်ထားပါတယ်။

နည်းပြဗန်ဟားလ်ကလည်း  ရော်နယ်ဒိုကိုကြိုဆိုတယ်လို့ ပြောထားပါတယ်
ရော်နယ်ဒိုဟာ မန်ယူကစားသမားဟောင်း ဖြစ်ခဲ့ဖူးပေမယ့်လည်း များပြားလှတဲ့ ပြောင်းရွှေ့ကြေးနဲ့သူ့ရဲ့လစာငွေကအသင်းတွေအတွက် အခက်တွေ့နေရတာပါ။ မန်ယူနည်းပြဗန်ဟားလ်ကလည်း မကြာသေးခင်က ရော်နယ်ဒိုကို ပြန်လာချင်တယ်ဆိုရင် သူ့ဘက်က ကြိုဆိုဖို့ အဆင်သင့်ပဲလို့ ပြောထားပါသေးတယ်။

မန်ယူမှာ ရှိခဲ့စဉ်က ရော်နယ်ဒို
ရော်နယ်ဒို မန်ယူရောက်လာခဲ့ရင် တစ်ပတ်ကို လုပ်ခလစာငွေ အနည်းဆုံး ပေါင်နှစ်သိန်းခွဲလောက် ပေးရမှာ ဖြစ်ပါတယ်။ မာကာသတင်းစာရဲ့ အဆိုအရ ရော်နယ်ဒိုမန်ယူပြောင်းလာဖို့ ဖာဂူဆန်ကိုယ်တိုင် နားချသွားမယ်လို့ ဆိုပါတယ်။ ဖာဂူဆန်ဟာ ရော်နယ်ဒိုအတွက်သြဇာရှိတဲ့နည်းပြတစ်ဦး ဖြစ်ခဲ့သူပါ။ အခုချိန်ထိလည်း သူတို့နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေသေးပါတယ်။
Credit – duwun



Thursday, 17 December 2015

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များအပြီးထုတ်ပြန်တဲ့အကောင်းဆုံးလူစာရင်း

Filled under:

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် uefa. Com က ၂၀၁၅- ၂၀၁၆ ရာသီ ချန်ပီယံလိဂ်အုပ်စုစဉ်များအပြီး အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဘိုင်ယန်မြူးနစ်နှင့် PSG  အသင်း)မှ နှစ်ဦးစီဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းအကောင်းဆုံး ၁၁ ဦးစာရင်းကို (၄-၃-၃) ကစားကွက်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းမှ တစ်ဦးမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ဂိုးသမားနေရာတွင် PSG အသင်းဂိုးသမား ကီဗင်ထရပ် ရွေးချယ်ခံခဲ့ရပြီး အုပ်စုတွင်း ပွဲစဉ်များ၌ ပေးဂိုးတစ်ဂိုးသာ ခွင့်ပြုခဲ့ရကာ ပြိုင်ပွဲအသင်းများအနက် ပေးဂိုးအနည်းဆုံး အဖြစ်ရပ်တည်နိုင်ခဲ့သည်။ နောက်ခံလူလေးဦးနေရာတွင် ဂျူဗင်နောက်ခံလူ ဘာဇာဂလီ၊ PSG နောက်ခံလူ သီယာဂိုဆေးလ်ဗား၊ အက်သလက်တီကို နောက်ခံလူ ဒီယေဂိုဂိုဒင်၊ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာတို့ ရွေးချယ်ခံခဲ့ရပြီး သီယာဂိုဆေးလ်ဗား (တစ်ဂိုး) မှလွဲ၍ ကျန်သုံးဦး၏ အသင်းများမှာလည်း အုပ်စုတွင်းပွဲစဉ်များ၌ သုံးဂိုးစီသာ ခွင့်ပြုခဲ့ရကြောင်း သိရသည်။ ကွင်းလယ်လူ သုံးဦးနေရာတွင် ဘယ်လ်ဂျီယံကလပ် KAA ဂျန့်ကွင်းလယ်လူ ဆဗန်ကမ်စ်(သွင်းဂိုး တစ်ဂိုး၊ ဖန်တီးမှု နှစ်ကြိမ်) ၊ ချယ်လ်ဆီးကွင်းလယ်လူ ဝီလီယံ(သွင်းဂိုး ငါးဂိုး၊ ဖန်တီးမှု တစ်ကြိမ်)၊ မန်စီးတီးကွင်းလယ်လူ စတာလင်( သွင်းဂိုး သုံးဂိုး၊ ဖန်တီးမှု တစ်ကြိမ်) တို့ ရွေးချယ်ခံခဲ့ရသည်။ တိုက်စစ်ကစားသမား သုံးဦးအတွက် ရွေးချယ်ရာတွင်မူ အငြင်းပွားမှုများရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးသောမက်စ်မူလာ (သွင်းဂိုး ငါးဂိုး၊ ဖန်တီးမှု နှစ်ကြိမ်)၊ ဇင်းနစ်တိုက်စစ်မှူး ဟော့ခ်(သွင်းဂိုး သုံးဂိုး၊ ဖန်တီးမှု လေးကြိမ်) နှင့် ရီးယဲလ်တောင်ပံကစားသမား စီရော်နယ်လ်ဒို (သွင်းဂိုး ၁၁ ဂိုး၊ ဖန်တီးမှု သုံးကြိမ်) တို့ ရွေးချယ်ခံခဲ့ရသည်။ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းသည် အုပ်စုတွင်းပွဲစဉ် ခြောက်ပွဲကစားရာ လေးပွဲနိုင်၊ နှစ်ပွဲသရေကျကာ ရှုံးပွဲမရှိဘဲ သွင်းဂိုး ၁၅ ဂိုး၊ ပေးဂိုး လေးဂိုး၊ ရမှတ် ၁၄ မှတ်ဖြင့် အုပ်စုပထမနေရာရရှိခဲ့သည်။ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်မှာ သွင်းဂိုး ငါးဂိုး၊ ဖန်တီးမှု နှစ်ကြိမ်၊ မက်ဆီမှာ သွင်းဂိုး သုံးဂိုး၊ ဖန်တီးမှု တစ်ကြိမ် နှင့် နေမာမှာ သွင်းဂိုးနှစ်ဂိုး၊ ဖန်တီးမှု လေးကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုစာရင်း၌ အံအားသင့်ဖွယ် ချန်လှပ်ခံရခြင်းဖြစ်ပြီး ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး (ခုနစ်ဂိုး) ဇင်းနစ်တိုက်စစ်မှူး ဇီယူဘာ( ခြောက်ဂိုး၊ ဖန်တီးမှု နှစ်ကြိမ်) နှင့် အာဆင်နယ် တိုက်စစ်မှူး ဂျရူး( ငါးဂိုး) တို့လည်း ချန်လှပ်ခံခဲ့ရသည်။
Credit – The Daily Eleven Newspaper

Posted By Myanmar Youths Technology GroupDecember 17, 2015

Wednesday, 16 December 2015

မာတီနိုပြောလိုက်တဲ့ လီယွန်နယ်မက်ဆီ

Filled under:

အာဂျင်တီးနားလက်ရွှေးစင်နည်းပြမာတီနိုက ၂၀၁၄ခုနှစ်မှာ မန်စီးတီးစတား ဆာဂျီယိုအဂူရိုအားခေါ်ယူစဉ်က မအောင်မြင်သည့်အတွက် လီဗာပူးဂိုးသွင်းစက် လူးဝစ်ဆွာရက်ဇ်ကို ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်းပြောကြားလိုက်ပါသည်။လူးဝစ်ဆွာရက်ဇ်ဟာ မာတီနိုထွက်ခွာပြီး လူးဝစ်အင်းနရစ်ပြောင်းလာခဲ့သည့်နှစ်မှာအသင်းသို့ရောက်ခဲ့သူဖြစ်ပါတယ်။မက်ဆီကိုအဂူရိုနဲ့တွဲကစားသင့်ကြောင်းလဲသူကထောက်ပြသွားခဲ့ပါတယ်။မန်စီးတီးကိုပြောင်းရွှေ့ခဲ့ပါကအဂူရိုနဲ့တွဲကစားရမယ့် မက်ဆီကိုလူတိုင်းကစိတ်ဝင်စားနေကြပါတယ်။မက်ဆီသာမန်စီးတီးကိုပြောင်းရွှေ့ခဲ့ပါက နိုင်ငံအတွက်ပါအကြိုးရှိမယ်ဟုလဲ မာတီနိုကပြောခဲ့ပါတယ်။နိုင်ငံအသင်းမှာ အဂူရိုနဲ့မက်ဆီအတွဲကကောင်းပေမယ့် အရေးကြီးပွဲတွေမှာ အမြဲတမ်းမှားတတ်ပါတယ်။မက်ဆီတစ်ယောက်နိုင်ငံကိုကြည့်မလား ဘာစီလိုနာ ကိုကြည့်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါပြီ ခင်ဗျာ။

Posted By Zaw Paing JRDecember 16, 2015