ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် uefa. Com က ၂၀၁၅- ၂၀၁၆ ရာသီ ချန်ပီယံလိဂ်အုပ်စုစဉ်များအပြီး အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဘိုင်ယန်မြူးနစ်နှင့် PSG အသင်း)မှ နှစ်ဦးစီဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းအကောင်းဆုံး ၁၁ ဦးစာရင်းကို (၄-၃-၃) ကစားကွက်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းမှ တစ်ဦးမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ဂိုးသမားနေရာတွင် PSG အသင်းဂိုးသမား ကီဗင်ထရပ် ရွေးချယ်ခံခဲ့ရပြီး အုပ်စုတွင်း ပွဲစဉ်များ၌ ပေးဂိုးတစ်ဂိုးသာ ခွင့်ပြုခဲ့ရကာ ပြိုင်ပွဲအသင်းများအနက် ပေးဂိုးအနည်းဆုံး အဖြစ်ရပ်တည်နိုင်ခဲ့သည်။ နောက်ခံလူလေးဦးနေရာတွင် ဂျူဗင်နောက်ခံလူ ဘာဇာဂလီ၊ PSG နောက်ခံလူ သီယာဂိုဆေးလ်ဗား၊ အက်သလက်တီကို နောက်ခံလူ ဒီယေဂိုဂိုဒင်၊ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာတို့ ရွေးချယ်ခံခဲ့ရပြီး သီယာဂိုဆေးလ်ဗား (တစ်ဂိုး) မှလွဲ၍ ကျန်သုံးဦး၏ အသင်းများမှာလည်း အုပ်စုတွင်းပွဲစဉ်များ၌ သုံးဂိုးစီသာ ခွင့်ပြုခဲ့ရကြောင်း သိရသည်။ ကွင်းလယ်လူ သုံးဦးနေရာတွင် ဘယ်လ်ဂျီယံကလပ် KAA ဂျန့်ကွင်းလယ်လူ ဆဗန်ကမ်စ်(သွင်းဂိုး တစ်ဂိုး၊ ဖန်တီးမှု နှစ်ကြိမ်) ၊ ချယ်လ်ဆီးကွင်းလယ်လူ ဝီလီယံ(သွင်းဂိုး ငါးဂိုး၊ ဖန်တီးမှု တစ်ကြိမ်)၊ မန်စီးတီးကွင်းလယ်လူ စတာလင်( သွင်းဂိုး သုံးဂိုး၊ ဖန်တီးမှု တစ်ကြိမ်) တို့ ရွေးချယ်ခံခဲ့ရသည်။ တိုက်စစ်ကစားသမား သုံးဦးအတွက် ရွေးချယ်ရာတွင်မူ အငြင်းပွားမှုများရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးသောမက်စ်မူလာ (သွင်းဂိုး ငါးဂိုး၊ ဖန်တီးမှု နှစ်ကြိမ်)၊ ဇင်းနစ်တိုက်စစ်မှူး ဟော့ခ်(သွင်းဂိုး သုံးဂိုး၊ ဖန်တီးမှု လေးကြိမ်) နှင့် ရီးယဲလ်တောင်ပံကစားသမား စီရော်နယ်လ်ဒို (သွင်းဂိုး ၁၁ ဂိုး၊ ဖန်တီးမှု သုံးကြိမ်) တို့ ရွေးချယ်ခံခဲ့ရသည်။ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းသည် အုပ်စုတွင်းပွဲစဉ် ခြောက်ပွဲကစားရာ လေးပွဲနိုင်၊ နှစ်ပွဲသရေကျကာ ရှုံးပွဲမရှိဘဲ သွင်းဂိုး ၁၅ ဂိုး၊ ပေးဂိုး လေးဂိုး၊ ရမှတ် ၁၄ မှတ်ဖြင့် အုပ်စုပထမနေရာရရှိခဲ့သည်။ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်မှာ သွင်းဂိုး ငါးဂိုး၊ ဖန်တီးမှု နှစ်ကြိမ်၊ မက်ဆီမှာ သွင်းဂိုး သုံးဂိုး၊ ဖန်တီးမှု တစ်ကြိမ် နှင့် နေမာမှာ သွင်းဂိုးနှစ်ဂိုး၊ ဖန်တီးမှု လေးကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုစာရင်း၌ အံအားသင့်ဖွယ် ချန်လှပ်ခံရခြင်းဖြစ်ပြီး ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး (ခုနစ်ဂိုး) ဇင်းနစ်တိုက်စစ်မှူး ဇီယူဘာ( ခြောက်ဂိုး၊ ဖန်တီးမှု နှစ်ကြိမ်) နှင့် အာဆင်နယ် တိုက်စစ်မှူး ဂျရူး( ငါးဂိုး) တို့လည်း ချန်လှပ်ခံခဲ့ရသည်။
Credit – The Daily Eleven Newspaper
About Metro UI Theme
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit...





0 comments:
Post a Comment