Thursday, 28 January 2016

ကယ်ပီတယ်ဝမ်း(ကာလင်း)ဗိုလ်လုပွဲတွင်ဗိုလ်စွဲရန်မိမိတို့အသင်းရေပန်းစားနေသည်ဟုပြောကြားလိုက်သော…………

Filled under:

ကာလင်းဖလားဆီမီးဖိုင်နယ်အဆင့်တွင် စတုတ်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့လီဗာပူးနဲ့ အဲဗာတန်ကို အနိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းတို့ ဗိုလ်လုပွဲတွင်ပြန်လည်တွေ့ဆုံရမည်ဖြစ်သည်။လီဗာပူးသည်ဒီရာသီမှာမန်ချက်စတာစီးတီးအပေါ်အသာရသည်မှာ စိတ်ဓာတ်မြင့်တင်နိုင်သည့်အချက်ပင်ဖြစ်ပါသည်။ဗိုလ်လုပွဲတွင်မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိရန်ခက်ခဲမည်ဖြစ်သော်လည်း အနိုင်ရရှိမည်ကို


Posted By Zaw Paing JRJanuary 28, 2016

Tuesday, 5 January 2016

မန်ယူအသင်းနေမာကိုခေါ်ဖို့ဆက်သွယ်နေ

Filled under:

မန်ယူအသင်းဟာ ဘာစီလိုနာရဲ့ နေမာကို ခေါ်ယူဖို့ စာချုပ်ဖျက်သိမ်းခအတွက် ပေးချေရမယ့် လျော်ကြေးငွေ စတာလင်ပေါင် (၁၄၀) သန်းအတွက် ညှိနှိုင်းနေတယ်လို့ Le 10 Sport ၊  The Metro နှင့် The Daily Star တို့မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဘရာဇီး လက်ရွေးစင်ကစားသမား နေမာဟာ ယခုဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ သွင်းဂိုး (၁၄) ဂိုး တိတိ သွင်းယူထားပေးခဲ့ပြီး အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အပြင် ယခု ဆောင်းရာသီ ဘောလုံးအပြောင်းအရွှေ့ဈေးကွက်မှာ မန်ယူအနေနဲ့ ခေါ်ယူဖို့ ညှိနှိုင်းသွားနိုင်တယ်လို့ သိရပါတယ်။မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကတော့ ရီးရဲလ်ကွင်းလယ်ကစားသမား အစ္စကို ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ အပြိုင် ကြိုးပမ်းနေပါတယ်။
Credit – Duwun

Posted By Myanmar Youths Technology GroupJanuary 05, 2016

Saturday, 2 January 2016

မန်ယူနည်းပြအလုပ်သည်နောက်ဆုံးအလုပ်ဖြစ်နိုင်

Filled under:

မန်ယူနည်းပြလူးဝစ်ဗန် ဂါးလ်က အသင်းမှထွက်ခွာချိန် တွင် ဘောလုံးလောကမှ အနား ယူနိုင်သည်ဟု အရိပ်အမြွက်ပြော ကြားထားသော်လည်း ဖိအားများ အောက် အလုပ်လုပ်ရသည်မှာ ပြဿနာမရှိဟု ပြောကြားသည်။မန်ယူအသင်းတွင် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ပြောဆိုမှုများ မြင့်တက်နေသော်လည်း လက်ရှိမန်ယူတွင် ကြုံတွေ့နေရ သော ဖိအားများကြောင့် နည်းပြရာထူးမှ ထွက်သွားမည်မဟုတ်ဟု ဗန်ဂါးလ်က ပြောသည်။
မန်ယူသည် ပြိုင်ပွဲအရပ်ရပ် တွင် ရှစ်ပွဲအထိ နိုင်ပွဲပျောက်ခဲ့ပြီး အမှတ်ပေးဇယား နံပါတ် (၆)နေရာသို့ ရောက်ရှိနေသဖြင့် နည်းပြဗန်ဂါးလ် ဝေဖန်မှုများစွာနှင့် ရင် ဆိုင်နေရသည်။
‘‘ကျွန်တော် အမြဲတမ်းကိုယ့် အလုပ်ကိုယ်လုပ်ပါတယ်။ ခင် ဗျားတို့လည်း ကိုယ့်အလုပ်ကိုယ် လုပ်ကြရပါမယ်’’ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြော ကြားသည်။
သို့သော် ဗန်ဂါးလ်က ပရိ သတ်များ အသင်းကို အားပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။မန်ယူအသင်း၏ ကျဆင်း နေသော စွမ်းဆောင်ရည်များကို တိုးတက်လာအောင် ကြိုးစားရာ တွင် မန်ယူပရိသတ်များ၏ အား ပေးမှုမှာ အလွန်အရေးပါသော အချက်ဖြစ်သည်ဟု မန်ဂါးလ်က ပြောသည်။မိမိတို့အနေဖြင့် အမှတ်ရ အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမှတ်ကွာခြား ချက် ပိုများသွားမည်ဟု ပရီးမီး ယားလိဂ်ထိပ်ဆုံးနေရာမှ အာဆင်နယ်နှင့် ကိုးမှတ်ကွာနေသော မန်ယူအသင်း နည်းပြဗန်ဂါးလ်က ပြောကြားသည်။

Posted By UnknownJanuary 02, 2016

တိုက်စစ်မှူးအသစ်ခေါ်ယူနိုင်

Filled under:

 ဆောက်သမ်တန်အ သင်းတွင် ဒဏ်ရာရကစားသမား များ ဆက်လက်များပြားနေပါက လာမည့် ဇန်နဝါရီ ဘောလုံးသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူ နိုင်သော်လည်း နောက်ထပ်အား ဖြည့်မှု တစ်စုံတစ်ရာပြုလုပ်ဖွယ် မရှိဟု ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်းက ပြောကြား သည်။
‘‘ကျွန်တော်ဟာ အခုအမှတ် ပေးဇယား နံပါတ် (၁၂)နေရာ ရောက်နေလို့ ကြောက်ရွံ့နေတဲ့ နည်းပြမဟုတ်ပါဘူး’’ဟု ကိုးမန်း က ပြောကြားသည်။
ဆောက်သမ်တန်သည် အာ ဆယ်နယ်ကို စနေနေ့က လေးဂိုး ပြတ်အနိုင်ရခဲ့သော်လည်း တနင်္လာနေ့က ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မိမိတို့အသင်းတွင် ခြေစွမ်း ကောင်းသော တိုက်စစ်မှူးနှစ်ဦးရှိ ပြီး အကယ်၍ ၎င်းတို့ပြန်မကစား နိုင်ပါက တိုက်စစ်မှူးအသစ်တစ် ဦး ခေါ်ယူရဖွယ်ရှိသော်လည်း အ သင်း၏ အခြားနေရာများအတွက် ကစားသမားသစ်များ ခေါ်ယူမည် မဟုတ်ဟု ကိုးမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ယခု ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်း၏ ထိပ် တန်းဂိုးသွင်းရှင် အီတလီတိုက်စစ် မှူး ပယ်လီသည် စနေနေ့ နော ဝစ်ခ်ျနှင့်ပွဲကို လွဲချော်မည်ဖြစ် သည်။ ၎င်းသည် ဒူးဒဏ်ရာ ကြောင့် ပြီးခဲ့သည့်နှစ်ပွဲကိုလည်း လွဲချော်ခဲ့သည်။
ဇန်နဝါရီအတွင်း ပြန်ကစား နိုင်ခြေရှိသည့် နောက်ထပ်တိုက် စစ်မှူးဖြစ်သော ရိုဒရီဂွက်ဇ်မှာ ခြေထောက်ဒဏ်ရာကြောင့် မကစားနိုင်သည်မှာ နှစ်လကြာပြီဖြစ် သည်။
ရိုဒရီဂွက်ဇ်သည် ဇန်နဝါရီ အတွင်း (သို့မဟုတ်) ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြန်ကစားနိုင် ခြေရှိသည်ဟု ကိုးမန်းက ပြော သည်။ 
<<<Unicode Version>>>

Posted By UnknownJanuary 02, 2016

Sunday, 27 December 2015

LA ဂလက်ဆီသို့အက်ရှ်လေကိုးလ်ပြောင်းရန်စီစဉ်

Filled under:

ချယ်လ်ဆီးနှင့် အင်္ဂလန်ကစားသမားဟောင်း အက်ရှ်လေကိုးလ်သည် အင်္ဂလန် ကစားဖော်ဟောင်း စတီဗင်ဂျာရတ်ရှိရာ လော့အိန်ဂျလိစ် အခြေစိုက် အယ်လ်အေဂလက်ဆီ အသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်လျက်ရှိပြီး အယ်လ်အေဂလက်ဆီ အသင်းကလည်း အသက်(၃၄)နှစ် အရွယ်ရှိ ဘယ်နောက်ခံ ကစားသမား အက်ရှ်လေကိုးလ်အား ခေါ်ယူရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

နောက်တန်းကစားသမား အက်ရှ်လေကိုးလ်သည် လက်ရှိတွင် အီတလီ စီးရီးအေကလပ် ရိုးမားအသင်း၌် ကစားလျက်ရှိပြီး အပြောင်းအရွှေ့ ကာလတွင် အက်ရှ်လေကိုးလ်အား ခေါ်ယူရန်အတွက် အယ်လ်အေဂလက်ဆီ အသင်းက ရိုးမားအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အက်ရှ်လေ ကိုးလ်သည် ယခုနှစ် ဘောလုံးရာသီတွင် ရိုးမားအသင်းအတွက် တစ်ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့သည်။

လက်ရှိ အယ်လ်အေဂလက်ဆီ အသင်းတွင် ကစားလျက်ရှိသည့် နောက်တန်း ကစားသမား ရော်ဘီရော့ဂျာသည် အယ်လ်အေဂလက်ဆီ အသင်းအတွက် အကောင်းဆုံး ဗဟိုနောက်တန်း ကစားသမားဟု ဆိုခဲ့သော်လည်း အယ်လ်အေ ဂလက်ဆီ အသင်းကမူ ဘယ်နောက်ခံ နေရာအတွက် အက်ရှ်လေကိုးလ်ကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကွင်းလယ်ပိုင်းကို အားဖြည့်ရန် ဂွန်ဇာလက်အတွက် အစားထိုးခေါ်ယူရန် ဥရောပအပြောင်းအရွှေ့ ဈေးဖွင့်ချိန်ကို အယ်လ်အေဂလက်ဆီ အသင်းအနေဖြင့် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်

Posted By Myanmar Youths Technology GroupDecember 27, 2015

ဝက်စ်ဟမ်းနောက်တန်းကစားသမားစာချုပ်သစ်ချုပ်ဆို

Filled under:

ဝက်စ်ဟမ်းနောက်တန်း ကစားသမား ကိုလ်လင်းသည် အသင်းနှင့် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ရာ အသင်း၌ ၂ဝ၁၈ ခုနှစ်အထိ ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။ အသက်(၃၂)နှစ် အရွယ်ရှိ ဗဟိုနောက်ခံ ကစားသမား ကိုလ်လင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလတွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ နောက်တန်းကစားသမား ကိုလ်လင်းသည် ၂ဝ၁၂ ခုနှစ်အတွင်းက ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့လာခဲ့ချိန်မှ စတင်ကာ ဝက်စ်ဟမ်းအသင်းနှင့် အတူ ပွဲပေါင်း ၁၆ဝ အထိ ပါဝင်ကစားပေး နိုင်ခဲ့သည်။ ကိုလ်လင်းသည် ဝက်စ်ဟမ်းအသင်းသို့ မပြောင်းရွှေ့မီက အက်စ်တွန်ဗီလာ အသင်းတွင် ကစားခဲ့သူဖြစ်သည်။ ဝက်စ်ဟမ်းအသင်းနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်း၌ ပျော်ရွှင်မှု ရှိနေခြင်းကြောင့် စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်း ဖြစ်ကြောင်း နောက်တန်း ကစားသမား ကိုလ်လင်းက ပြောကြားခဲ့သည်။ ဝေလလက်ရွေးစင် ကစားသမား ကိုလ်လင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ဝက်စ်ဟမ်း အသင်းနှင့်အတူ ခုနစ်ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့သည်။ သို့ရာတွင် ဝက်စ်ဟမ်းအသင်းတွင် ဝင်းစတန်ရိဒ်၊ တွန်ကင်၊ အိုဘွန်နာတို့နှင့်အတူ ဦးစားပေးကစားသမား လေးဦးအဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

Posted By UnknownDecember 27, 2015

Wednesday, 23 December 2015

မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကမ္ဘာ့အဆင့်သုံးဆင့်မြင့်တက်

Filled under:

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဒီဇင်ဘာအတွင်း ထုတ် ပြန်ခဲ့သောကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည်ပြီးခဲ့သည့်စက်တင်ဘာက နောက်ဆုံးထုတ်ပြန်ခဲ့သောကမ္ဘာ့အဆင့်သတ်မှတ်ချက်ထက် မြင့်တက်ကာ ကမ္ဘာ့အဆင့် ၄၄ ၌ ရပ်တည်နေသည်။
ဒီဇင်ဘာ တတိယပတ်အ တွင်းက ထုတ်ပြန်ခဲ့သည့် အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအမျိုးသမီးအသင်းသည် ရ မှတ် ၁၅၃၃ မှတ်ရရှိကာ စက်တင် ဘာအတွင်းက ရရှိထားသည့် ကမ္ဘာ့အဆင့် ၄၇ ထက် သုံးဆင့် မြင့်တက်သွားခြင်းဖြစ်သည်။
 မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲအ ဖြစ် ပြီးခဲ့သည့် စက်တင်ဘာအ တွင်း၌ ၂၀၁၆ အိုလံပစ်အမျိုးသ မီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်ခဲ့ရာ တရုတ်(တိုင် ပင်)နှင့် ဂျော်ဒန်အသင်းကို အနိုင် ရရှိခဲ့သော်လည်း ထိုင်းနှင့်ဗီယက် နမ်အသင်းများကို ရှုံးနိမ့်ခဲ့သည်။
 ဒီဇင်ဘာအဆင့်သတ်မှတ် ချက်အရ မြန်မာအမျိုးသမီးဘော လုံးအသင်းသည် အရှေ့တောင် အာရှနိုင်ငံများတွင် တတိယနေ ရာနှင့် အာရှနိုင်ငံများတွင် အ ဆင့် ၁၀ နေရာ၌ ရပ်တည်နေ သည်။
အရှေ့တောင်အာရှ နိုင်ငံ များတွင် ဗီယက်နမ်အမျိုးသမီး အသင်းက ကမ္ဘာ့အဆင့် ၂၉ ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်ထားပြီး ထိုင်းအမျိုးသမီးအသင်းက ကမ္ဘာ့ အဆင့် ၃၀၊ အင်ဒိုနီးရှားအသင်း က ၇၇၊ ဖိလစ်ပိုင်အသင်းက ၈၀၊ လာအိုအသင်းက ၈၈၊ မလေးရှား အသင်းက ကမ္ဘာ့အဆင့် ၉၀ တို့၌ အသီးသီးရပ်တည်နေသည်။
ကမ္ဘာ့နိုင်ငံများတွင် အမေရိ ကန်အမျိုးသမီးအသင်းက ကမ္ဘာ့ အဆင့် ၁ နေရာတွင် ဆက်လက် ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊အင်္ဂလန်၊ မြောက်ကိုရီးယား၊ ဘရာဇီး၊ ဆွီ ဒင်၊ သြစတြေးလျ၊ နော်ဝေးအ သင်းများက အစဉ်လိုက်ရပ်တည် နေသည်။
ဖီဖာသည် လက်ရွေးစင်အ မျိုးသား ဘောလုံးအသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ကို လစဉ်ထုတ်ပြန်သော်လည်း အမျိုးသမီးဘောလုံးအသင်းများ ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် များကိုမူ တစ်နှစ်လျှင် လေးကြိမ် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။Credit – 7day daily

Posted By UnknownDecember 23, 2015

Tuesday, 22 December 2015

မန်းစီးတီး၏ချန်ပီယံမျှော်လင့်ချက်များ

Filled under:

ချန်ပီယံလုပွဲတွင် လမ်းချော်မသွားစေရေးအတွက် အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီ ပြန်ကစားနိုင်ရန် အရေးတကြီး လိုအပ်နေပြီဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ဖွင့်ဟခဲ့သည်။
အမ်းမရိတ်စ်တွင် အာဆင်နယ်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် မန်စီးတီး၏ ချန်ပီယံ မျှော်လင့်ချက်များအတွက် ထိခိုက်မှု ပိုမိုပြင်းထန်လာခဲ့သည်။ ပယ်လီဂရီနီက အာဆင်နယ်နှင့် လက်ရှိ အမှတ်ပေးဇယားကို အံ့အားသင့်ဖွယ် ဦးဆောင်နေသည့် လက်ဆက်စတာ စီးတီးတို့ကို ကျော်တက်လိုပါက ကွန်ပနီကဲ့သို့ အဓိက ကစားသမားများ ကြံ့ခိုင်မှု အပြည့်ဖြင့် ပြန်လည် ပါဝင်လာရန် အထူးအရေးကြီးကြောင်း ဖွင့်ဟခဲ့သည်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ခံစစ်မှူး ကွမ်ပနီသည် ဒဏ်ရာကြောင့် လတ်တလော အနားယူနေရသည်။
ပယ်လီဂရီနီက “ကျွန်တော်တို့ ဒီထက်ပိုတိုးတက်လာဖို့ လိုပါတယ်။ အသင်းက ဂိုးတွေ တော်တော်များများ ခွင့်ပြုပေးနေရတယ်”ဟု နောက်ဆုံး ပရီးမီးယားလိဂ် (၁၂)ပွဲတွင် Clean Sheet (၂)ပွဲသာ ရထားသည့် အသင်း၏ မန်နေဂျာက ဆိုသည်။ ၎င်းက “ကွမ်ပနီ မကြာခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကွမ်ပနီလည်း ပြန်ကစားနိုင်၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ဆာဂျီယို အဂူရိုတို့လည်း သီတင်းပတ်တိုင်း ပုံမှန် ကစားပေးနေ နိုင်ရင်တော့ ကျွန်တော်တို့ဟာ ချန်ပီယံဆုအတွက် ကြိုးစား တိုက်ပွဲဝင်နေတဲ့ အရေးပါတဲ့ အသင်းတစ်သင်းအဖြစ် ဆက်ရှိနေနိုင် ပါလိမ့်မယ်” ဟုလည်း ပြောကြားသွားခဲ့သည်။
Credit – soccer myanmar

Posted By UnknownDecember 22, 2015

ဂျရတ်နေရာဆက်ခံမည့်ကွင်းလယ်လူဂရူဂျစ်ကိုလီဗားပူးခေါ်ယူ

Filled under:

လီဗာပူးအသင်းသည် နည်းပြ ကလော့ပ် လက်ထက်တွင် ပထမဆုံးခေါ်ယူမှုအဖြစ် ရက်စတားဘဲလ်ဂရိတ်မှ လူငယ်ကွင်းလယ်လူ ဂရူဂျစ်ကို ခေါ်ယူပြီး ဂျရတ်ဝတ်ဆင်ခဲ့သည့် နံပါတ် (၈) အင်္ကျီ ပေးဝတ်မည်ဖြစ်သည်။
ဂရူဂျစ် (၁၉) နှစ်သည် အသင်းတွင် ငါးနှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၁ ဒသမ၂ သန်း ရရှိမည်ဖြစ်ကာ ဂလက်ဆီအသင်းသို့ ဂျရတ် ပြောင်းရွှေ့ပြီးနောက် မည်သူ့ကိုမှ ၀တ်ဆင်မှုမပေးဘဲ လစ်ဟာနေသည့် နံပါတ် (၈) အင်္ကျီကို ဝတ်ဆင်ခွင့်ရမည်ဖြစ်သည်။
ဘဲလ်ဂရိတ်အသင်းသည် ၎င်းတို့ ကစားသမားအတွက် ယူရိုတစ်သန်း ဦးစွာရရှိမည်ဖြစ်ပြီး စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ခြောက်သန်းရရှိမည်ဆို သည်။ ‘‘ဒါက ကျွန်တော်တို့အတွက်တော့ စံချိန်တင် ပြောင်းရွှေ့ကြေးပါ။ မာကိုဂရူဂျစ်ဟာ လီဗာပူးနဲ့ ငါးနှစ်စာချုပ်ချုပ်ပါမယ်’’ ဟု ရက် စတားဘဲလ်ဂရိတ်အားကစား ဒါရိုက်တာ ဇဗက်ဇဒန်တာဇစ်က ဆို သည်။Credit – 7day daily

Posted By UnknownDecember 22, 2015

ယူရိုပါလိဂ်ရူံးထွက်၃၂သင်းအဆင့်ပွဲစဉ်များ

Filled under:

ဗလင်စီယာ          - ရက်ပစ်ပီအန်
ဖီအိုရင်တီးနား              - စပါး
ဒေါ့မွန်                        - ပေါ်တို
ဖီနာဘာချီ           - လိုကိုမိုးတစ်မော်စကို
အန်ဒါလက်ခ်ျ               - အိုလံပီယာကော့စ်
မစ်ဂျီလန်း           - မန်ယူ
အော့စ်ဘတ်        - လီဗာပူးလ်
စပါတာပရပ်ဂ်               - ခရက်စ်နိုဒါ
ဂါလာတာစာရေး   - လာဇီယို
ဆီယွန်                       - ဘရာဂါ
ရှက်တာဒိုးနက်             - ရှော်လ်ကေး
မာဆေးလ်           - ဘီလ်ဘာအို
ဆီဗီလာ              - မိုလ်ဒီ
စပို့တင်းလစ္စဘွန်း - လေဗာကူဆင်
ဗီလာရီးယဲလ်               - နာပိုလီ
စိန့်အက်တီယန်   - ဘေဆယ်

Posted By UnknownDecember 22, 2015

Monday, 21 December 2015

၂၀၁၅-၁၆ ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)

Filled under:

အာဆင်နယ် Vs မန်ချက်စတာစီးတီး (SPORTS-6 / HD)
၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၂) ရက် အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက်(၂း၃၀)
တနင်္လာည ပရီးမီးယားလိဂ်နောက်ဆုံးရအချက်အလက်များ
အာဆင်နယ်-မန်စီးတီး (နံနက် ၂း၃၀)
-----------------------------------------
ထိပ်တိုက်တွေ့ဆုံမှု
--------------------
မန်စီးတီး ၀-၂ အာဆင်နယ်
အာဆင်နယ် ၂-၂ မန်စီးတီး
အာဆင်နယ် ၃-၀ မန်စီးတီး
အာဆင်နယ်နောက်ဆုံးသုံးပွဲ
-------------------------------
အက်စတွန်ဗီလာ ၀-၂ အာဆင်နယ် (ကြေးအောင်၊ ဂိုးအောက်)
အိုလံပီယာကို့စ် ၀-၃ အာဆင်နယ် (ကြေးအောင်၊ ဂိုးပေါ်)
အာဆင်နယ် ၃-၁ ဆန်းဒါးလန်း (ကြေးအောင်၊ ဂိုးပေါ်)
မန်စီးတီးနောက်ဆုံးသုံးပွဲ
---------------------------
မန်စီးတီး ၂-၁ ဆွမ်ဆီး (ကြေးကျ၊ ဂိုးပေါ်)
မန်စီးတီး ၄-၂ ဂလက်ဘတ် (ကြေးအောင်၊ ဂိုးပေါ်)
စတုခ်စီးတီး ၂-၀ မန်စီးတီး (ကြေးကျ၊ ဂိုးအောက်)
ဒဏ်ရာရ၊ ပွဲပယ်
-------------------
အာဆင်နယ်- ဝီလ်ရှီးယား၊ ရိုဆစ်စကီး၊ ကာဇိုလာ၊ ကိုကွီလင် (လယ်)၊ ဝဲလ်ဘတ် (ရှေ့)
မန်စီးတီး- ဇာဘလက်တာ၊ ကွန်ပနီ (နောက်)၊ နာဆရီ၊ ဖာနန်ဒို (လယ်)
Credit – Hyper Sports

Posted By UnknownDecember 21, 2015